India (Delhi)

အိန္ဒိယ လက်ဖက်ဈေးသည် ထုတ်လုပ်မှုကျဆင်းမှုကြောင့် ၁၈ ရာခိုင်နှုန်း မြင့်တက်

Last Updated:

အိန္ဒိယ လက်ဖက် သည် ဇန်နဝါရီမှ အောက်တိုဘာလအတွင်း ယခင်နှစ်ကာလတူ နှင့် နှိုင်းယှဉ်ပါက ထုတ်လုပ်မှုပမာဏမှာ ၁၁၁၂.၁၁ သန်း ကီလိုဂရမ်သာရှိသဖြင့်  ၆၆.၃၉ သန်း ကီလိုဂရမ်လျော့နည်းသွားသကဲ့သို့ ဈေးနှုန်းမှာလည်း ၁၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရ သည်။

အာသံလက်ဖက်စိုက်ပျိုးသူများနှင့် ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုဝန်ကြီး Piyush Goyal တို့အကြား မကြာသေးမီက ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ယင်းကို ထုတ်ဖော် ပြောကြားခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးက လက်ဖက်အရည်အသွေးကောင်းများ ထုတ်လုပ်ရန်နှင့် ဓါတု ဆေးဝါးကျွင်းကျန်မှုကန့်သတ်ချက် (MRLs) များအပေါ် လိုက်နာဆောင်ရွက်ရေးတို့ကို အလေး ပေး ပြောကြားခဲ့ပြီး စားနပ်ရိက္ခာလုံခြုံမှုနှင့် စံချိန်စံညွှန်းများကြီးကြပ်ရေးအဖွဲ့ (FSSAI)နှင့် ပြည်နယ်အစိုးရများ ယင်းအပေါ် လိုက်နာဆောင်ရွက်မှုရှိ/မရှိကို တင်းကြပ်စွာ စောင့်ကြည့်ရန် အကြံပြုခဲ့သည်။

သို့သော် အရည်အသွေးမြင့်ထုတ်ကုန်များရှိသောဥယျာဉ်များသည် Tea Board ၏ လမ်း ညွှန်ချက်များနှင့်အညီ ကင်းလွတ်ခွင့်များလျှောက်ထားနိုင်ကြောင်းနှင့်  ကုန်စည်စီးဆင်းမှု လွန်ကဲ မှုကိုလျှော့ချရန်နှင့် လက်ဖက်ကဏ္ဍ ရေရှည်တည်တံ့စေရန်အတွက် ဈေးနှုန်းများကို ထိန်းထားရန် လိုအပ်ကြောင်းလည်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

လက်ဖက်အမှုန့်အဆင့် ၁၀၀% ကို လေလံဖြင့်သာ ဖြန့်ဖြူးရောင်းချခြင်းနှင့် ပတ်သက်၍၊ ၎င်းကို ဆက်လက်အကောင်အထည်ဖော်မည်ဟု ပြောကြားခဲ့ပြီး ယင်းနည်းလမ်းသည် လိုက်နာမှု (compliance) နှင့် နောက်ကြောင်းပြန်လိုက်နိုင်သည့် အခွင့်အလမ်း (traceability) ကိုထိ ရောက် စွာဖော်ဆောင်နိုင်ရန် အထောက်အကူဖြစ်စေကြောင်းနှင့်  လေလံစနစ်သုံး၍ လက်ဖက်အမှုန့် အ ဆင့်ရောင်းချခြင်းစတင်ပြီးနောက် ကုန်ဈေးရရှိမှုကောင်းမွန်မှုကို သိသာစွာတွေ့ရှိရကြောင်း အ စည်းအဝေးတွင် ပြောကြားခဲ့သည်။

လက်ဖက်ဘုတ်အဖွဲ့၏ ညွှန်ကြားချက်အရ လက်ဖက်ခြောက်ထုတ်လုပ်မှုကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ စ၍  ရပ်ဆိုင်းလိုက်ခြင်းဖြင့် အိန္ဒိယနိုင်ငံ၏ ထုတ်လုပ်မှုသည် ယခင်နှစ်ထက် လျော့နည်းမည်ဟု ခန့်မှန်းရပါကြောင်း၊  အာသံနှင့် အနောက်ဘင်္ဂလားပြည်နယ် တစ်ဝှမ်းတွင် ဆိုးရွားသောရာသီဥတုအခြေအနေကြောင့် သီးနှံထုတ်လုပ်နိုင်မှုများ ကျဆင်းခဲ့ ကြောင်း၊  ပြည်တွင်းစျေးနှုန်းအခြေအနေသည် မကြာသေးမီကာလများအတွင်း မြင့်တက်နေသော် လည်း သီးနှံထုတ်လုပ်နိုင်မှု သိသိသာသာကျဆင်းမှုသည် အမြတ်အစွန်းများနှင့် ဝင်ငွေများကို ထိခိုက်စေနိုင်ကြောင်းဖော်ပြထားသည်။

သို့ဖြစ်ပါ၍ ကမ္ဘာ့စတုတ္ထအများဆုံး လက်ဖက်တင်ပို့ရောင်းချသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ရာသီဥတုဆိုးရွားမှုကြောင့် လက်ဖက်ထုတ်လုပ်မှုကျဆင်းလျက်ရှိပြီး ပြည်တွင်း ဈေးကွက်တွင် ဈေးနှုန်းများမြင့်တက်နေမှုအခြေအနေကို သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

 

Source: India tea prices surge 18% amidst decline in production, The Economic Times, 03 December, 2024.

စီးပွားရေးသံမှူး၊ နယူးဒေလီမြို့

Category: India (Delhi)