Thailand

ထိုင်းနိုင်ငံ၊ ဆည်မြောင်းဦးစီးဌာနက လာနီညာ (La Nina) ရာသီဥတုအတွက် ကြိုတင်ပြင်ဆင်လျက်ရှိ

Last Updated:

လာမည့် လအနည်းငယ်၌ လာနီညာရာသီဥတုဖြစ်စဉ်များစတင်လာတော့မည်ဖြစ်သဖြင့် ရေ လွှမ်းမိုးမှုအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း ထိုင်းနိုင်ငံ ဆည်မြောင်းဦးစီး ဌာနက ပြောကြားခဲ့ပါသည်။

ဇူလိုင်လနှင့် အောက်တိုဘာလများတွင် လာနီညာရာသီဥတုကြောင့် နိုင်ငံအဝှမ်း ပုံမှန်ထက်ပို၍ မိုးရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားချက်အရ ပြင်ဆင်မှုများ ကြိုတင်ဆောင်ရွက်ထားရန် ဦးစီးဌာန၏ နိုင်ငံအဝှမ်းရှိ ဌာနခွဲ ၁၇ ခုကို လမ်းညွှန်မှာကြားပြီးဖြစ်ကြောင်း၊ လာနီညာ ရောက်ရှိလာချိန်တွင် မိုးရွာ သွန်းမှု ပမာဏသည် အနည်းဆုံး ၂၀ ရာခိုင်နှုန်း မြင့်တက်လာနိုင်ကြောင်း၊ နိုင်ငံအလယ်ပိုင်း မြေပြန့် ဒေသများတွင် အမြင့်ဆုံး ၃၉ ရာခိုင်နှုန်းထိမြင့်တက်နိုင်ပြီး မြောက်ပိုင်းတွင် ၂၂ ရာခိုင်နှုန်း၊ တောင်ပိုင်း တွင် ၁၆ ရာခိုင်နှုန်း အသီးသီးမြင့်တက်နိုင်ကြောင်း၊ ဇွန်လနှင့် ဇူလိုင်လမှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှု ကို စတင်ကြုံတွေ့နေရပြီဖြစ်ကြောင်း ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Mr. Chuchart Rakjit က အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။

ဆည်မြောင်းဦးစီးဌာနက မိုးရာသီအတွင်း နိုင်ငံ၏ ရေအရင်းအမြစ်ကို စီမံခန့်ခွဲရန် ပိုမိုကောင်းမွန်သော နည်းပညာများဖြင့် စီစဉ်ဆောင်ရွက်ထားသောကြောင့် ယခုနှစ် လာနီညာသည် ၂၀၁၁ ခုနှစ် တွင် ဖြစ်ပွားခဲ့သည့် “megaflood” ကဲ့သို့ မဖြစ်နိုင်ပါကြောင်း၊ ကျောက်ဖယားမြစ်အတွင်းရှိ ရေများကို ထိုင်းပင်လယ်ကွေ့အတွင်းသို့ ကဲ့ထုတ်နိုင်ရန် Pumping Station များကို အဆင့်မြှင့်တင်ထားပါ ကြောင်း၊ မြစ်ကြောင်းတစ်လျှောက် ရေထိန်းများတွင် “monkey cheek” များ စီစဉ်ထားပါကြောင်း Mr. Chuchart Rakjit က ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် အယ်လ်နီညို ရာသီဥတုခံစားပြီးနောက် လာနီညာရာသီဥတုကြောင့် နိုင်ငံ အဝှမ်း ရေလွှမ်းမိုးမှုမှ ကာကွယ်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand