Events
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ရော်ဘာစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ
Updated At: 2023-03-10 12:47:35
လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် ရော်ဘာအရည်အသွေးမြှင့်တင်ခြင်းနှင့် ရော်ဘာလုပ်ငန်းများအတွက် ဈေးကွက်သုတေသနပြုလုပ်ခြင်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် ရော်ဘာစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ မြို့တော်ခန်းမ၌ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာထိန်လင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ တနင်္သာရီတိုင်းဒေသကြီး ရော်ဘာစိုက်ပျိုးထုတ်လုပ်သည့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ရော်ဘာစိုက်တောင်သူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း (၆၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများက စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း၊ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အရည်အသွေးမြှင့်တင်ခြင်းဆိုင်ရာ လိုအပ်ချက်များ၊ ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လိုအပ်ချက်များကိုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ၏ လက်ရှိရင်ဆိုင်နေရ သည့်အခက်အခဲများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြပါသည်။ ထို့နောက် တက်ရောက် လာကြသူများက စီမံကိန်းနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ စီမံကိန်း၏သုတေသနရလဒ်နှင့် ဆွေးနွေးပွဲရလဒ်များအပေါ် အခြေခံပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်း အရည်အသွေးမီရော်ဘာများ ထုတ်လုပ် တင်ပို့နိုင်ရေးအတွက် ပြည်ပကျွမ်းကျင်ပညာရှင်များကိုခေါ်ယူ၍ သင်တန်းပေးခြင်းနှင့် ပြည်ပနိုင်ငံများရှိ ရော်ဘာအဖွဲ့ အစည်းများထံသို့ လေ့လာရေးခရီးသွားရောက်ခြင်း အစီအစဉ်များဆက်လက်ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြပြီးတွေ့ဆုံ ဆွေးနွေးပွဲ ကို နေ့လယ် (၁၂:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

Event Details
- Date
- 10th March 2023
- Location
- Dawei city,Tanintharyi region
- Website
- www.myantrade.gov.mm
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026