Events
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂန်ဆူးပြည်နယ်၊ Lanzhou မြို့တွင် The 29th China Lanzhou Investment and Trade Fair ကုန်စည်ပြပွဲ ကျင်းပမည်
Updated At: 2023-03-31 10:03:29
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂန်ဆူးပြည်နယ်၊ Lanzhou မြို့၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ The 29th China Lanzhou Investment and Trade Fair ကုန်စည်ပြပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ပြီး ၎င်းကုန်စည်ပြပွဲသည် မြန်မာနိုင်ငံနှင့် ဂန်ဆူးပြည်နယ်တို့အကြား ချစ်ကြည်ရင်းနှီးမှုများ ဖလှယ်ခြင်းနှင့် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို အားပေးမြှင့်တင်ရန် ဖြစ်သည့်အတွက် ဖိုရမ်များ၊ Guest Country of Honour, Guest Provinces of Honour and Themes Cities အစီအစဉ်များ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အစီစဉ်များနှင့် ကွန်ဖရင့်များကို ကျင်းပသွားမည်ဖြစ်ပါသည်။
အဆိုပါ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များသာမက တရုတ်နိုင်ငံတွင် လာရောက်၍ စီးပွားရေးလုပ်ကိုင်နေသော မြန်မာလုပ်ငန်းရှင်များလည် ပါဝင်ပြသနိုင်ပြီး မြန်မာပြခန်းဆောင် ခင်းကျင်းပြသမည်ဆိုပါက မြန်မာလုပ်ငန်းရှင်များအတွက် အကျယ် (၃၀) စတုရန်းမီတာရှိသော ပြခန်းတစ်ခုကို(အခမဲ့) ထောက်ပံ့ပေးမည်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း ၀၆၇-၄၀၈၆၂၂၊ ၀၆၇-၄၀၈၆၂၃၊ E-mail: event.td.myantrade@gmail.com တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။
Event Details
- Date
- 6th to 10th July
- Location
- တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂန်ဆူးပြည်နယ်၊ Lanzhou မြို့
- Website
- www.myantrade.gov.mm
More Events
ပထမအကြိမ် အာဆီယံ ဒူးရင်းပွဲတော် ကျင်းပမည်
Date: ၂၀၂၅ ခုနှစ်၊ သြဂုတ်လအတွင်း