Events
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ရော်ဘာစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပခြင်း
Updated At: 2022-12-09 10:58:13

လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၁) ဖြင့် ရော်ဘာအရည်အသွေးမြှင့်တင်ခြင်းနှင့် ရော်ဘာလုပ်ငန်းများအတွက် ဈေးကွက်သုတေသနပြုလုပ်ခြင်းစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် ရော်ဘာစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ ဆွေးနွေးပွဲတွင် မွန်ပြည်နယ်၊ စီးပွားရေးရာဝန်ကြီး ဦးနိုင်လယိတမနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာထိန်လင်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြပြီး၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်သည့်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ရော်ဘာစိုက်တောင်သူများနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများက စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း၊ မွန်ပြည်နယ်အတွင်းရှိ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ၏ လက်ရှိရင်ဆိုင်နေရ သည့်အခက်အခဲများ၊ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အရည်အသွေးမြှင့်တင်ခြင်းဆိုင်ရာ လိုအပ်ချက်များ၊ ရော်ဘာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လိုအပ်ချက်များနှင့် စပ်လျဉ်း၍ လေ့လာစစ်တမ်းကောက်ယူပြုစုထားသည့် သုတေသန စစ်တမ်းရလဒ်ဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက စီမံကိန်းနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ စီမံကိန်းသုတေသန ရလဒ်နှင့် ဆွေးနွေးပွဲရလဒ်များအပေါ်အခြေခံပြီး မွန်ပြည်နယ်အတွင်း အရည်အသွေးမီရော်ဘာများ ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် ပြည်ပကျွမ်းကျင် ပညာရှင်များကိုခေါ်ယူ၍ သင်တန်းပေးရန်နှင့် ပြည်ပနိုင်ငံများရှိ ရော်ဘာအဖွဲ့အစည်းများထံသို့ လေ့လာရေးခရီးသွားရောက်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး၊ ဆွေးနွေးပွဲကို နေ့လည် (၁၃:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
More Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025