Events
အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပွဲများကို online meeting ဖြင့် ကျင်းပပြီးစီးခြင်း
Updated At: 2020-06-10 06:18:58
အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပွဲများကို online meeting ဖြင့် ကျင်းပပြီးစီးခြင်း
အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပွဲများကို Zoom application ဖြင့်ဌာနဆိုင်ရာများ၊ နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန (ITC)၊ အသင်းအဖွဲ့များ နှင့် ၂၀၂၀ ပြည့်နှစ်၊ မေလ၂၅ရက်နေ့တွင် အရည်အသွေးစီမံခန့်ခွဲခြင်းကဏ္ဍကိုလည်းကောင်း၊ မေလ၂၆ရက်နေ့တွင် စက်မှု နှင့်လျှပ်စစ်ပစ္စည်းကဏ္ဍ၊ လယ်ယာထွက်ပစ္စည်း အခြေခံစား သောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍနှင့် ရေထွက်ကုန် လုပ်ငန်းကဏ္ဍတို့ကိုလည်းကောင်း၊ မေ၂၇ ရက်နေ့တွင် ဒစ်ဂျစ်တယ် ထုတ်ကုန်များ နှင့်ဝန်ဆောင်မှုကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍနှင့် ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်း ကဏ္ဍတို့ကိုလည်းကောင်း၊ မေလ ၂၈ ရက်နေ့တွင် အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ၊ တီထွင် ဆန်းသစ်မှုနှင့်စွန့်ဦးတီထွင်ဆောင်ရွက်ခြင်း ကဏ္ဍနှင့် ဆန်စပါးကဏ္ဍတို့ကိုလည်းကောင်း၊ မေလ ၂၉ ရက် နေ့တွင်ရော်ဘာလုပ်ငန်းကဏ္ဍနှင့် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံကဏ္ဍတို့ကိုလည်းကောင်း ကျင်းပခဲ့ ပါသည်။ အဆိုပါဆွေးနွေးပွဲများတွင် အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ကဏ္ဍအလိုက် မဟာဗျူဟာ ဒီဇိုင်းများရေးဆွဲရာတွင် COVID-19 ကာလလွန်မြောက်ပြီးနောက် အကူအညီပေးနိုင်မည့် အခြေအနေများနှင့် NES Plan of Action(PoA) Final Draft အပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
NES Unit


More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026