Events
ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ အုန်းစိုက်ပျိုးထုတ်လုပ်သူများအတွက် “စီးပွားဖြစ်အုန်းပင် စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ကွင်းဆင်းသရုပ်ပြ လေ့ကျင့်ခြင်းသင်တန်း” ဖွင့်လှစ်
Updated At: 2023-06-09 14:55:28
ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (ACMECS) အစီအစဉ်အရ ၂၀၂၃ ခုနှစ်၊ မေလမှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ “ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသောထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင် ထုတ်လုပ်ခြင်းစီမံကိန်း” ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ စီမံကိန်းအစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အုန်းစိုက် ပျိုးထုတ်လုပ်သူများအတွက် “စီးပွားဖြစ်အုန်းပင် စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ကွင်းဆင်းသရုပ်ပြ လေ့ကျင့်ခြင်းသင်တန်း” ဖွင့်ပွဲကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့၊ နံနက် (၉:၀၀) နာရီ အချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် စားသုံး သူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအုန်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူ များအသင်း၊ ဥက္ကဌနှင့် တာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသီဟဇော်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး စီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးထွန်းထွန်းက သင်တန်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းအစီအစဉ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ ပါသည်။
ထို့နောက် သင်တန်းနည်းပြနှင့် သင်တန်းသားများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် (၁၀:၀၀) နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပြီး သင်တန်း ပို့ချခြင်းအစီအစဉ်ကို ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ (၃) ရက်ကြာပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား (၃၀) ဦးတက်ရောက် ကြမည်ဖြစ်ရာ လက်တွေ့ကွင်းဆင်းသရုပ်ပြ လေ့ကျင့်ခြင်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Event Details
- Date
- 8th-10th June 2023
- Location
- Mawlamyaing Kyune Township, Ayeyarwady Region
- Website
- www.myantrade.gov.mm
More Events
“73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
Date: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ