Events
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ Yangon Convention Center တွင် “Myanmar 8 Build Expo 2024/ Myanmar International Real Estate & Property Expo/ Myanmar Electrical Power & Green Energy Expo” အား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပပြုလုပ်မည်
Updated At: 2024-02-22 11:39:27
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ Yangon Convention Center တွင် “Myanmar 8 Build Expo 2024/ Myanmar International Real Estate & Property Expo/ Myanmar Electrical Power & Green Energy Expo” အား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ( ၃ ) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
ပြပွဲတွင် ဆောက်လုပ်ရေးဆိုင်ရာပစ္စည်းများ၊ နည်းပညာများ၊ ဆောက်လုပ်ပြီးအိမ်ရာများ၊ ကွန်ဒိုများ၊ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာဆက်စပ်ပစ္စည်းများ၊ ဆိုလာပြားများ၊ ဘက်ထရီများ၊ မီးစက်များနှင့် ဆက်စပ်ပစ္စည်းများကို ပြခန်းပေါင်း ၁၇၀ ဖြင့် ခင်းကျင်းပြသရောင်းချမည်ဖြစ်ကြောင်း ဖိတ်ကြားစာတွင် ဖော်ပြထားပါသည်။
ပါဝင်တက်ရောက်ပြသလိုသည့် ပြည်တွင်း/ ပြည်ပစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် Silver Sea International Ltd. ဖုန်းနံပါတ် ၀၉-၄၃၁၂၅၁၈၅ နှင့် Email: [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သတင်းရရှိပါသည်။
ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ
Event Details
- Date
- 29th to 30th March 2024
- Location
- ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ Yangon Convention Center တွင်
- Website
- myantrade.gov.mm
More Events
Smart Farm Korea 2025 (SFKOREA 2025 ) ပြပွဲ ကျင်းပမည်
Date: 21st to 23rd May, 2025
FTCCI Experiential Tourism MICE Fair 2025 ပြပွဲ ကျင်းပမည်
Date: 26th to 27 th May, 2025
“အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ” ၏ (၁/၂၀၂၅) ကြိမ်မြောက်အစည်းအဝေး ကျင်းပခြင်း
Date: 28th January 2025