Events
“တတိယအကြိမ် မြန်မာ(လားရှိုး)- တရုတ်(လင်ချန်း) နယ်စပ်စီးပွားရေးနှင့်ကုန်စည်ပြပွဲ” ဖွင့်ပွဲအခမ်းအနား အွန်လိုင်းမှ ကျင်းပ
Updated At: 2022-10-27 15:22:46
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပမည့် “တတိယအကြိမ် မြန်မာ(လားရှိုး)- တရုတ်(လင်ချန်း)နယ်စပ်စီးပွားရေးနှင့်ကုန်စည်ပြပွဲ” ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ၊ လင်ချန်းမြို့၊ ပါတီကော်မတီအတွင်းရေးမှူး၊ ကျန်းကြည်းကျိန့်၊ လင်ချန်းမြို့မြို့တော်ဝန် သုကျန့်ဟွေးနှင့် တာဝန်ရှိသူများ၊ ကုန်သည်အသင်းအဖွဲ့များနှင့် ကုန်စည်ပြပွဲတွင် ပါဝင်ပြသမည့် ကုမ္ပဏီ (၄၃) ခုမှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်နှင့် လင်ချန်းမြို့ ပါတီကော်မတီအတွင်းရေးမှူးတို့က မိန့်ခွန်းပြောကြားခဲ့ကြပြီး ရှမ်းပြည်နယ်အစိုးရ၊ စီးပွားရေးရာဝန်ကြီးမှ ကုန်စည်ပြပွဲအား ဖွင့်လှစ်ကြောင်း ကြေညာပေးခဲ့ပါသည်။
ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံမှ ထွက်ရှိသည့် ဒေသထွက်ကုန်များ၊ စားသောက်ကုန်များ၊ ပရိဘောဂပစ္စည်းများနှင့် အဝတ်အထည်များကို မြန်မာနိုင်ငံမှ ကုမ္ပဏီ(၃၃)ခုနှင့် တရုတ်နိုင်ငံမှ ကုမ္ပဏီ(၁၀)ခု၊ စုစုပေါင်း(၄၃)ခုတို့သည် Myanmar Online Expo Park အွန်လိုင်းကုန်စည် ပြပွဲ Platform မှ (၄) ရက်ကြာ ပါဝင်ပြသကြမည်ဖြစ်ရာ စိတ်ပါဝင်စားသူများအနေဖြင့် http://www.myanmarexpopark.com သို့ဝင်ရောက်၍ Visitor/Buyer Registration တွင် မှတ်ပုံတင်ဆောင်ရွက်ပြီး လေ့လာကြည့်ရှုဝယ်ယူနိုင်ကြောင်း သတင်းရရှိပါသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026