Events
“2nd World Rice & Flour Noodle Industry Expo” (ဒုတိယအကြိမ်ကမ္ဘာ့ဆန်နှင့်ဂျုံခေါက်ဆွဲပြပွဲ) ကျင်းပမည်
Updated At: 2020-10-12 10:23:32
“2nd World Rice & Flour Noodle Industry Expo” (ဒုတိယအကြိမ်ကမ္ဘာ့ဆန်နှင့်ဂျုံခေါက်ဆွဲပြပွဲ)ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့ရှိအပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲဗဟိုဌာနတွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ Guangxi International Expositions Group Co.,ltd နှင့်အတူ World Federation of Chinese Catering Industry နှင့် China Food and Packaging Machinery Industry Association တို့က ပူးပေါင်း၍ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ဝန်ကြီးရုံးကတဆင့် ပြပွဲတက်ရောက်ပါရန် ဖိတ်ကြားလာပါသည်။ အဆိုပါပြပွဲ၌ မြန်မာနိုင်ငံ၏ အဓိကအစားအစာ ယဉ်ကျေးမှုနှင့်အရေးပါသည့် ကုန်ပစ္စည်းများကို ခင်းကျင်းပြသနိုင်ရန် နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအတွက် (၃၆) စတုရန်းမီတာ အကျယ်ရှိသော ပြခန်းအား အခမဲ့ပေးအပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ အဓိကအစားအစာ ယဉ်ကျေးမှုနှင့် အရေးပါ သည့် ကုန်ပစ္စည်းများကို ခင်းကျင်းပြသရန် တရုတ်နိုင်ငံတွင် ရုံးခွဲများဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံမှ ခေါက်ဆွဲနှင့် ဟင်းခပ်အမွှေးအကြိုင်လုပ်ငန်းများက လာရောက်ပြသရေး အထောက်အကူပြုပေးရန် ဖိတ်ကြားလိုပါကြောင်း၊ ပြပွဲ၌ ပါဝင်ပြသလိုသည့် တရုတ်နိုင်ငံ၌ရုံးခန်းဖွင့်လှစ်ထားသော မြန်မာလုပ်ငန်းများအတွက် အထူးနှုန်းအဖြစ် ပြခန်းတစ်ခန်းလျှင် ယွမ်(၃၀၀၀) (သို့မဟုတ်) နေရာလွတ်တစ်စတုရန်းမီတာလျှင် ယွမ်(၃၀၀)နှုန်းဖြင့် ကမ်းလှမ်းသွားလို ကြောင်းနှင့် ပါဝင်ပြသလိုသူများအနေဖြင့် ပူးတွဲပါ Registration Form တွင် ဖြည့်စွက်၍ Web: http://www. gxexpogp.cn၊ Email- emilyhuangxq@ 163.com၊ Tel: +86-771-2268022 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ဖော်ပြပါရှိပါသည်။ ပြပွဲဆိုင်ရာ အချက်အလက်များသိရှိလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ရုံးအမှတ်(၃)၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၀၈၆၀၈၊ ၀၆၇-၃၄၀၈၆၂၂၊ ၀၆၇-၃၄၀၈၆၂၃ နှင့် email: [email protected] နှင့် [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးပါသည်။
Event Details
- Date
- 30th October to 1st November
- Location
- တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့ရှိအပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲဗဟိုဌာန
- Website
- www.myantrade.org
More Events
ပို့ကုန်နှစ်ဆ တိုးမြှင့်ကြ
Date: 2025-26
The 2nd Hunan (huaihua) RCEP Economic and Trade Expo ပြပွဲ ကျင်းပပြုလုပ်မည်
Date: 8th to 11th May, 2025