Events
“41st Annual Kaduna International Trade Fair နှင့် Afrika Business and Investment Forum”
Updated At: 2020-02-19 05:16:11
“41st Annual Kaduna International Trade Fair နှင့် Afrika Business and Investment Forum” ကို အစီအစဉ် နှစ်ပိုင်းခွဲ၍ ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် သိရှိရပါသည်။ “41st Annual Kaduna International Trade Fair” ကို “Consolidating Interface between Industry and Agriculture for Nigeria’s Sustainable Development” ခေါင်းစဉ်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ မတ်လ ၈ ရက်နေ့ထိ နိုင်ဂျီးရီးယားနိုင်ငံ၊ ကာဒူနာမြို့၊ ကာဒူနာအပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုစင်တာတွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး၊ သက်ဆိုင်ရာမြို့တော်များမှ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ကုန်သွယ်ရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ရန် ဖိတ်ကြားထားပါသည်။ ပြပွဲဆိုင်ရာ အချက်အလက်များ သိရှိလိုပါက Email:kadccima@ gmail. com နှင့် http://kadccima. org/ kitf-kaduna-intl-trade-fair/ သို့ တိုက်ရိုက် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ “ အာဖရိကစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်” “Afrika Business and Investment Forum”ကို “Reshaping business and Investment to meet the demands of trade and the Fourth Industrial Revolution” ခေါင်းစဉ်ဖြင့် ၂၀၂၀ပြည့်နှစ်၊ မတ်လ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့ထိ အဘူဂျာမြို့၊ Nicon Luxury Hotel တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ သက်ဆိုင်ရာ မြို့တော်များမှ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ကုန်သွယ်ရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ရန် ဖိတ်ကြားထားပါသည်။ ဖိုရမ်တက်ရောက်လိုသူများအတွက် တည်းခိုနေထိုင်ခြင်း/ ဟိုတယ်ကြိုတင်စာရင်းပေးသွင်းခြင်း ဆိုင်ရာအချက်အလက်များကို www.afribif. com နှင့် [email protected] သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ အဆိုပါပြပွဲသို့ မြန်မာနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ကုန်သွယ်ရေးအဖွဲ့အစည်းများ တက်ရောက်နိုင်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်သို့ ဖိတ်စာများကို (၁၇-၂-၂၀၂၀) ရက်နေ့တွင် ဖြန့်ဝေပေးထား ပါသည်။ ပြပွဲဆိုင်ရာအချက်အလက်များသိရှိလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ရုံးအမှတ်(၃)၊ နေပြည်တော်၊ ဖုန်း- ၀၆၇-၃၄၀၈၆၀၈၊ ၀၆၇-၃၄၀၈၆၂၂၊ ၀၆၇-၃၄၀၈၆၂၃ နှင့် email:moctradefair@ gmail.com သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးပါသည်။
Event Details
- Date
- Updating
- Location
- နိုင်ဂျီးရီးယားနိုင်ငံ၊ ကာဒူနာမြို့ နှင့် အဘူဂျာမြို့
- Website
- www.myantrade.org
More Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025