Events
“68th Bangkok Gems & Jewelry Fair 2023” သို့ မြန်မာလုပ်ငန်းရှင်များပါဝင်ပြသနိုင်ရေး
Updated At: 2023-07-07 16:47:59

“68th Bangkok Gems & Jewelry Fair 2023” ကို Queen Sirikit National Convention Center (QSNCC) ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါပွဲတွင် နိုင်ငံပေါင်း (၅၀)ကျော်ပါဝင်ပြီး Exhibitors ပေါင်း(၂၀၀)ကျော်မှ ထုတ်ကုန်ပေါင်း(၁၀၀၀)ကျော် ပါဝင်ပြသမည်ဖြစ်ပါသည်။
အဆိုပါပြပွဲတွင် ပါဝင်ပြသခြင်းဖြင့် မြန်မာ့ကျောက်မျက်ရတနာပစ္စည်းများအတွက် ဈေးကွက်အသစ်များရှာဖွေရရှိနိုင်ခြင်းနှင့် နိုင်ငံတကာစီးပွားရေးအခွင့်အလမ်းသစ်များအား ဖော်ထုတ် ရရှိနိုင်မည့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သည်။
ပြပွဲသို့ ပါဝင်တက်ရောက်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် https://mitc.myantrade.gov.mm/ member/trade-fair/new သို့ ဝင်ရောက်စာရင်းပေးသွင်း ရမည် ဖြစ်သည်။ ပါဝင်ပြသခွင့်ရရှိမည့် ကုမ္ပဏီအား စာရင်းပေးသွင်းမှုအစီအစဉ်အတိုင်း ဦးစားပေး ရွေးချယ်သွားမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များအား မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ဖုန်း ၀၆၇-၄၀၈၆၂၂ သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သတင်းရရှိပါသည်။
More Events
ပို့ကုန်နှစ်ဆ တိုးမြှင့်ကြ
Date: 2025-26
The 2nd Hunan (huaihua) RCEP Economic and Trade Expo ပြပွဲ ကျင်းပပြုလုပ်မည်
Date: 8th to 11th May, 2025