Events
“MCCIA’s Pune Expo 2023” ပြပွဲ ကျင်းပမည်
Updated At: 2023-05-15 14:24:50
အိန္ဒိယသမ္မတနိုင်ငံ၊ ပူနေး(Pune)မြို့တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့မှ ၈ ရက်နေ့ အထိ “MCCIA’s Pune Expo 2023” ကုန်စည်ပြပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ၎င်းကုန်စည်ပြပွဲကို အစီအစဉ်(၂)ခုဖြင့် ပြသသွားမည်ဖြစ်ပါကြောင်း၊ ပထမပြခန်းတွင် ကုန်ထုတ်လုပ်မှု ပစ္စည်းများ၊ နည်းပညာနှင့် သုတေသနလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုဆိုင်ရာ အသုံးပြုနည်းများ ပြသထားမည် ဖြစ်ပြီး ဒုတိယပြခန်းတွင် ကာကွယ်ရေးကဏ္ဍအတွက် လိုအပ်သည့် နည်းပညာ၊ ထုတ်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ပြသထားမည်ဖြစ်ပါသည်။ ပြပွဲကာလအတွင်း စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများလည်း စီစဉ်ပေးမည်ဖြစ်ကြောင်းနှင့် လာရောက်မည့် ကိုယ်စားလှယ်များအတွက် ကုန်ကျစရိတ်ကို မိမိအစီအစဉ်ဖြင့်ကျခံရမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။
ပြပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Mr. Sudhanwa Kopardekar, Director, MCCIA, Ph:+91-9960822251, +9120-25709211, email: sudhanwak@ mcciapune.com Mr. Prashant Jogalekar, Director, MCCIA, Ph:+91-9822425268,+9120-25709121, email: [email protected] သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
Event Details
- Date
- 6th to 8th November
- Location
- အိန္ဒိယသမ္မတနိုင်ငံ၊ ပူနေး(Pune)မြို့
- Website
- www.myantrade.gov.mm
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026