Events
“Thai Festive Fair 2022” ထိုင်းကုန်စည်ပြပွဲနှင့်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ပါဝင်တက်ရောက်
Updated At: 2022-06-23 15:28:32
ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန (DITP) မှ ကြီးမှူး၍ “Thai Festive Fair 2022” ထိုင်းကုန်စည်ပြပွဲနှင့်ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့၊ Novotel Yangon Max Hotel ရှိ Grand Ballroom တွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် ကျင်းပပြလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။
အဆိုပါပြပွဲတွင် ထိုင်းနိုင်ငံ၏ အရည်အသွေးမြင့် နာမည်ကြီးအမှတ်တံဆိပ်များမှ စားသောက်ကုန်၊ အလှကုန်၊ လူသုံးကုန်၊ အဝတ်အထည်နှင့်အိမ်သုံးပစ္စည်းစသည့်ထုတ်ကုန်များကို ပြခန်းပေါင်း ၄၂ ခန်းဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့ မှ ၁၉ ရက်နေ့အထိ ပြသမည်ဖြစ်ပါသည်။
Event Details
- Date
- 16th to 19th June
- Location
- ရန်ကုန်မြို့၊ Novotel Yangon Max Hotel ရှိ Grand Ballroom
- Website
- www.myantrade.org
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026