Events
1st Myanmar Expo 2018 ကုန်စည်ပြပွဲ
Updated At: 2018-09-13 08:15:48
ထိုင်းနိုင်ငံမှ Expovision Co., Ltd နှင့် မြန်မာပြည်မှ TTF (Yangon) Co., Ltd တို့ ပူးပေါင်း၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ The Mall Convention Center (MCC) ခန်းမတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ “1st Myanmar Expo 2018” ပြပွဲ ကျင်းပမည် ဖြစ်ပါသည်။
အဆိုပါပြပွဲတွင် မြန်မာ့အရည်အသွေးကောင်း၊ အဆင့်မြင့်ကုန်စည်များ ကမ္ဘာစျေးကွက်သို့ ထိုးဖောက်လာစေရန် ရည်ရွယ်ချက်ဖြင့် အိမ်နီးချင်းနိုင်ငံ ထိုင်းနိုင်ငံမှ စတင်၍ မြန်မာ့ကုန်စည်ပြပွဲ တစ်ရပ်အား ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကမ္ဘာလှည့်ခရီးသွားများနှင့်တစ်ကွ ဒေသခံများဖြင့် စည်ကားရာ အထင်ကရစျေးဝယ်စင်တာကြီးတွင် ကျင်းပသွားမည် ဖြစ်ပါသည်။
“1st Myanmar Expo 2018” ပြပွဲတွင် ထုတ်ကုန်နှင့်ဝန်ဆောင်မှုဟူ၍ (၂) ပိုင်း ခွဲခြား ပြသမည်ဖြစ်ပါ သည်။ ခရီးသွားဝန်ဆောင်မှုကဏ္ဍတွင် လေကြောင်းလိုင်းများ၊ ဟိုတယ်များ၊ မြန်မာ့ခရီးစဉ် စီစဉ်သူများ၊ ပြည်တွင်းခရီးသွားဝန်ဆောင်မှုလုပ်ငန်းများဖြစ်ပြီး ထုတ်ကုန်ပစ္စည်းကဏ္ဍတွင် ပန်းချီ၊ ပန်းပုအနုလက်ရာများ၊ ကျောက်စိမ်းနှင့်ကျောက်မျက်ရတနာများ၊ ရိုးရာချည်ထည် ယက်ကန်းနှင့် ကြိုးကြီးချိတ်ထည်များ၊ အသင့်စားထုပ်ပိုးထားသော အစားအစာများ (လက်ဖက်၊ ကော်ဖီမစ်၊ တီးမစ်၊ ပုစွန်ခြောက်၊ အာလူး/ငါးပိကြော်၊ ကြက်သွန်/ပဲကြော်၊ အစေ့ အဆံလှော်များ၊ ယိုများ၊ စည်သွတ်ဗူးများ စသဖြင့်) အိမ်တွင်းအလှဆင် ကျွန်း/ကြိမ်/သစ် ပရိဘောဂအချောထည်များ၊ ယွန်းထည်နှင့်ငွေထည်များ၊ လက်ဆောင်ပစ္စည်းအမျိုးမျိုးနှင့် လူသုံး/ အိမ်သုံးကုန်များ၊ မြန်မာ့ သနပ်ခါးနှင့်ဆက်စပ်အလှကုန်များ၊ ကျန်းမာရေးနှင့်အလှအပရေးရာထုတ်ကုန်များ စသည်တို့အား ဇုံ (၆) ခုဖြင့် ပြသသွားမည် ဖြစ်ပါသည်။
Event Details
- Date
- Updating
- Location
- ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ The Mall Convention Center (MCC) ခန်းမ
- Website
- www.myantrade.org
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026