Events
(၉) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၉) ကြိမ်မြောက် တရုတ် (ကူမင်း)ပို့ကုန်/သွင်းကုန်ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည့်ကုမ္ပဏီများနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Updated At: 2025-05-21 17:05:17
(၉) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၉) ကြိမ်မြောက် တရုတ် (ကူမင်း)ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင်၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကုန်စည်ပြပွဲတွင် စာရင်း ပေးသွင်းထားသည့်ကုမ္ပဏီများအား ကုန်စည်ပြပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေး မှူးချုပ် ဦးဆောင်၍ ၂၁-၅-၂၀၂၅ ရက်နေ့၊ နေ့လယ် (၂:၀၀) နာရီအချိန်တွင် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ပြသမည့်လုပ်ငန်းရှင်များအနေဖြင့် ကျောက်မျက်ရတနာ များ၊ ကျောက်မျက်ရတနာနှင့် ဆက်စပ်ပစ္စည်းများ၊ လက်မှုအနုပညာပစ္စည်းများ၊ လက်ဖက် ခြောက်၊ ဆန်နှင့် စားသောက်ကုန်များ ပါဝင်ပြသသွားရန်၊ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ မထိခိုက်စေရန် ပြသမည့်လုပ်ငန်းရှင်များအနေဖြင့် ကျောက်မျက်အတုအပများ၊ ဖန်စီပစ္စည်းများ မပြသ ရန်နှင့် အတုအပများပြသသည့် ကုမ္ပဏီများတွေ့ရှိပါက Black List စာရင်းထည့်သွင်း ပေးသွားမည်ဖြစ်ကြောင်းသိရှိရန်၊ တရုတ်သံရုံးနှင့် ပြည်ဝင်ခွင့်ဗီဇာရရှိရေးနှင့် အထွေထွေ ခွင့်ပြုမိန့်(OGL)ရရှိရေး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ အချိန်မီဆောင်ရွက်ပေးသွား မည်ဖြစ်သည့်အတွက် လိုအပ်သည့်အချက်အလက်များ ဆောလျင်စွာပေးပို့သွားရန်၊ ပြပွဲသို့ သွားရောက်မည့် လူဦးရေစာရင်းအတိအကျပေးရန်၊ Exhibitor Card, Visitor Card များ ပြုလုပ်ရန်အတွက် Passport No နှင့် Phone No ကို ၃၀-၅-၂၀၂၅ ရက်နေ့ နောက်ဆုံးထား ပေးပို့သွားရန်နှင့် ယခုနှစ်တွင် ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တက်ရောက်မည်ဖြစ်၍ ကုန်သည်လုပ်ငန်းရှင်များမှ ပြသမည့် ပစ္စည်းများကို ဝေဝေဆာဆာလှလှပပစုံစုံလင် ပြသသွားရန် စသည့်တို့ကို ဆွေးနွေးမှာကြားခဲ့ ကြောင်းသတင်းရရှိပါသည်။
(မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့)
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026