Events
2nd Mandalay International Trade Fair & Business Forum 2020
Updated At: 2020-01-24 07:25:57

“2nd Mandalay International Trade Fair & Business Forum 2020" ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ မန္တလေးမြို့ Mandalay Convention Center တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှု၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ရင်းနှီးမြှပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆကက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျင်းပသွားရန် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။ ပြပွဲကျင်းပခြင်းမှာ တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဖိတ်ကြားထားသော လုပ်ငန်းရှင်များနှင့် ပြည်တွင်း/ ပြည်ပလုပ်ငန်းရှင်များ၊ ကုမ္ပဏီများအချင်းချင်း ချိတ်ဆက်ပေးနိုင်ခြင်းအားဖြင့် ရင်းနှီးမြှပ်နှံမှုဖွံ့ဖြိုးတိုးတက်လာစေရန်၊ မန္တလေးတိုင်းဒေသကြီး၏ စီးပွားရေးနှင့်သက်ဆိုင်သည့် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာများအား သိသာပေါ်လွင်စေရန်၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ရပ်တည်ရှင်သန်သွားနိုင်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ပြပွဲကာလအတွင်း Trade & Investment Forum ကိုလည်း ကျင်းပသွားမည်ဖြစ်ပြီး၊ ယင်းပြပွဲတွင် နိုင်ငံတကာမှ ပြခန်းပေါင်း (၆၅) ခန်းအပါအဝင် ပြခန်းပေါင်း (၂၉၅) ခန်းဖြင့့် ပြည်ပနိုင်ငံများမှ ထုတ်ကုန်ပစ္စည်းအမျိုးမျိုးနှင့် ပြည်တွင်းမှ ထုတ်ကုန်များ ပါဝင်ပြသမည်ဖြစ်ကြောင်း သိရှိရပါသည်။ ပြပွဲဆိုင်ရာအချက်အလက်များကို အသေးစိတ်သိရှိလိုပါက မန္တလေးတိုင်း ဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ဖုန်း 09-2051063,09-770844477,02-4069311,02-4069326 နှင့် Contact Information +9524069326/ 9524069311 နှင့် Email; [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးပါသည်။
More Events
2nd ASEAN-Pakistan Business Opportunities Conference ကျင်းပမည်
Date: 16th to 21th April, 2025
Smart Farm Korea 2025 (SFKOREA 2025 ) ပြပွဲ ကျင်းပမည်
Date: 21st to 23rd May, 2025
FTCCI Experiential Tourism MICE Fair 2025 ပြပွဲ ကျင်းပမည်
Date: 26th to 27 th May, 2025