Events
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် 10th Selangor International Expo ( F&B ) 2024 ကုန်စည်ပြပွဲကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည်
Updated At: 2024-02-09 11:38:59
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Kuala Lumpur Convention Center တွင် 10th Selangor International Expo( F&B ) 2024 အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ( ၄ ) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ကုန်စည်ပြပွဲကို ကွာလာလမ်ပူကွန်ဗင်းရှင်းစင်တာရှိခန်းမ ၅ ခု၌ ပြခန်းပေါင်း ၅၀၀ နီးပါး ခင်းကျင်းပြသပြီး ဧည့်သည်ပေါင်း ၃၀၀၀၀ ခန့် လာရောက်ရန် မျှော်မှန်းထား၍ ၉ စတုရန်းမီတာ ကျယ်ဝန်းသည့် ပြခန်းတစ်ခုအတွက် အမေရိကန်ဒေါ်လာ ၂၅၀၀ ကျသင့်မည်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက Phone: + 6012-324-7671 ၊ E- mail: hingching@investselangor. my တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
ပါဝင်တက်ရောက်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ၏ အချက်အလက်များအား အထက်တွင်ဖော်ပြထားသည့် ဖုန်းနံပါတ်နှင့် အီးမေးလ်တို့သို့ ဆက်သွယ်ပေးပို့မေးမြန်းနိုင်ကြောင်း သတင်းရရှိပါသည်။
ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ
Event Details
- Date
- 16th to 19th October 2024
- Location
- မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့
- Website
- myantrade.gov.mm
More Events
Smart Farm Korea 2025 (SFKOREA 2025 ) ပြပွဲ ကျင်းပမည်
Date: 21st to 23rd May, 2025
FTCCI Experiential Tourism MICE Fair 2025 ပြပွဲ ကျင်းပမည်
Date: 26th to 27 th May, 2025
“အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ” ၏ (၁/၂၀၂၅) ကြိမ်မြောက်အစည်းအဝေး ကျင်းပခြင်း
Date: 28th January 2025