Events
AJC မှ ကြီးမှူးကျင်းပမည့် “Online Workshop on Branding and Merchandising for Traditional Craft and Textile Industry” သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်
Updated At: 2022-07-27 15:29:35
အာဆီယံ- ဂျပန်စင်တာ (AJC) မှ ကြီးမှူး၍ ရိုးရာလက်မှုပစ္စည်းနှင့်အထည်အလိပ်ကဏ္ဍ တိုးတက်ရေးအတွက် ကုန်အမှတ်တံဆိပ်မြှင့်တင်ခြင်းနှင့် ကုန်စည်ရောင်းဝယ်မှုဆိုင်ရာ “Online Workshop on Branding and Merchandising for Traditional Craft and Textile Industry” ကို သြဂုတ်လ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
အလုပ်ရုံဆွေးနွေးပွဲ ( Online Workshop ) ကို ကုန်အမှတ်တံဆိပ်မြှင့်တင်ခြင်း၊ ထုတ်ကုန်ဒီဇိုင်းနှင့် စျေးကွက်ရှာဖွေခြင်းကဏ္ဍများတွင် အတွေ့အကြုံရှိသော ပညာရှင်များက ဆွေးနွေးပို့ချ မည်ဖြစ်သောကြောင့် ပါဝင်တက်ရောက်သူများအနေဖြင့် မိမိတို့ထုတ်ကုန်ပစ္စည်းများအတွက် ကုန်အမှတ်တံဆိပ်မြှင့်တင်ရေးလုပ်ငန်းစဉ်များကို သိရှိနားလည်နိုင်မည် ဖြစ်ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများမြှင့်တင်ရေးဦးစီးဌာနတို့မှ အစိုးရကိုယ်စားလှယ်များ ဦးဆောင်၍ မြန်မာ နိုင်ငံအထည်အလိပ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်းနှင့် ပြည်နယ်/ တိုင်းများမှ လုပ်ငန်းရှင်(၂၀)ဦး ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
TD ( Myantrade )
More Events
ပို့ကုန်နှစ်ဆ တိုးမြှင့်ကြ
Date: 2025-26
The 2nd Hunan (huaihua) RCEP Economic and Trade Expo ပြပွဲ ကျင်းပပြုလုပ်မည်
Date: 8th to 11th May, 2025