Events
Ambiente 2023 ကုန်စည်ပြပွဲ ကျင်းပမည့်အစီအစဉ်
Updated At: 2022-08-12 11:31:36
Ambiente ကုန်စည်ပြပွဲသည် ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်မြို့တွင် နှစ်စဉ် ဖေဖော်ဝါရီလတိုင်း Messe Frankfurt GmbH က စီစဉ်ကျင်းပသည့် လူ့အသုံးအဆောင်အမျိုးမျိုး (Household Goods, Glasswares, Ceramics) ပြသသည့် ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ကုန်စည်ပြပွဲကြီး ဖြစ်ပါသည်။
ပြပွဲတွင် နှစ်စဉ်နိုင်ငံတကာမှ လူသုံး၊ အိမ်သုံးကုန်ပစ္စည်းအမျိုးမျိုးပြသသူများနှင့် လာရောက်လေ့လာသူများတွေ့ဆုံရာ ခေတ်မီပြပွဲစင်တာကြီးတစ်ခုဖြစ်ပြီး နိုင်ငံပေါင်းစုံမှ ပြခန်းများကို အိမ်တွင်းအလှဆင်ဒီဇိုင်းပုံစံများ၊ ပရိဘောဂ အသုံးအဆောင်များနှင့် အလှဆင်ပြုပြင်မွမ်းမံခြင်းများပါဝင်သည့်အပိုင်း (Living)၊ လက်ဆောင်ပစ္စည်းအမျိုးမျိုးနှင့် အသုံးအဆောင်ပစ္စည်းများပါဝင်သည့်အပိုင်း (Giving)၊ အိမ်အသုံးအဆောင်နှင့် မီးဖိုဆောင်သုံးပစ္စည်းများစုစည်း ရာအပိုင်း (Dining) ဟူ၍ ခွဲခြားသတ်မှတ်ပြီး ခင်းကျင်းပြသခြင်းဖြစ်သည်။
၂၀၂၀ ခုနှစ်တွင် နိုင်ငံပေါင်း (၉၀) ကျော်မှ ပြပွဲပြသသူပေါင်း (၄၆၀၀) ကျော် လာရောက်ပြသခဲ့ကြသည်။ Ambiente ပြပွဲကို ၂၀၂၁ နှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် Consumer Goods Digital Day အဖြစ် Christmas world, Paper world နှင့် Creative world တို့နှင့်အတူ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ၂၀၂၂ ခုနှစ်တွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ ကျင်းပရန်စီစဉ်ထားရှိခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှု မြင့်တက်လာခြင်းကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိခဲ့ပါ။
၂၀၂၃ ခုနှစ်အတွက် Ambiente ပြပွဲကို ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၇ ရက်နေ့ထိ ကျင်းပရန်စီစဉ်ထားရှိပြီး ပြပွဲနှင့်သက်ဆိုင်သော အဓိကအချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(၁) Registration ကို https://ambiente.messefrankfurt.com/frankfurt/en/planning-preparation/exhibitors.html#register တွင် ဝင်ရောက်ပြုလုပ်နိုင်ပါသည်။
(၂) ပြခန်းအတွက် ၁၂ စတုရန်းမီတာ အနည်းဆုံးရယူရန်လိုအပ်ပြီး ပြခန်းငှားခနှင့် Media Package၊ Environmental fee နှင့် အခြားဝန်ဆောင်မှုများအပါအဝင် စျေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပြီး VAT ထပ်မံပေးဆောင် ရန် လိုအပ်ပါသည်-
2.50 m walls: 12 sqm : EUR 5450
18 sqm : EUR 7450
27 sqm : EUR 9990
3.00 m walls : 12 sqm: EUR 5990
18 sqm : EUR 7990
27 sqm : EUR 10990
(၃) ပြပွဲကာလအတွင်း ဆောင်ရွက်မည့်လုပ်ငန်းများအတွက် ဝန်ဆောင်မှုများရယူခြင်းကို ၂၀၂၂ ခုနှစ် ဩဂုတ်လမှစတင်၍ Shop for Exhibitor Services (www.serviceshop.messefrankfurt.com) နှင့် ဆက်သွယ် ရယူနိုင်ပါသည်။
(၄) ပြပွဲတွင် ပါဝင်ပြသခြင်းနှင့်သက်ဆိုင်သည့် အသေးစိတ်အချက်အလက်များကို https://ambiente.messefrankfurt.com/frankfurt/en/planning-preparation/exhibitors. html တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
မြန်မာနိုင်ငံရှိ အိမ်သုံးလူသုံးပစ္စည်းများနှင့် လက်မှုအနုပညာပစ္စည်းထုတ်လုပ်သော ကုမ္ပဏီများ လာရောက်ပြသခြင်းနှင့် လေ့လာသူများအဖြစ် လာရောက်နိုင်မည့် ပြပွဲတစ်ခုဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)
Source: https://ambiente.messefrankfurt.com/frankfurt/en.
More Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025