Events
Improving Quality of Rubber and Market Research on Rubber Industry စီမံကိန်း ပထမအကြိမ် အကြိုညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
Updated At: 2021-10-01 11:18:25
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၁) ၏အကူအညီဖြင့် ဆောင်ရွက်မည့် Improving Quality of Rubber and Market Research on Rubber Industry စီမံကိန်းအတွက် ပထမအကြိမ် အကြိုညှိနှိုင်းအစည်းအဝေးကို Online Zoom Meeting ဖြင့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက စီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်ရေးအတွက် အသေးစိတ် ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း (MRPPA)၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ ရော်ဘာအသင်းအဖွဲ့များမှ တာဝန်ရှိသူများ စုစုပေါင်း (၃၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
Improving Quality of Rubber and Market Research on Rubber Industry စီမံကိန်းကို တရုတ်နိုင်ငံ၏ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၁) ဖြင့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် ၂၀၂၂ ခုနှစ်၊ ဧပြီလမှ ၂၀၂၄ ခုနှစ်၊ မတ်လအထိ (၂) နှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ အရည်အသွေးမီရော်ဘာများ ထုတ်လုပ်နိုင်ရန် ထိုင်းနိုင်ငံမှ ပညာရှင်များဖြင့် လေ့ကျင့်သင်ကြားပေးခြင်း၊ တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်ဖြင့် ဓာတ်ခွဲခန်း ဆိုင်ရာ လက်မှတ်ရရှိရေးဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
More Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025