Events
International Food Exposition Lao PDR တွင် မြန်မာ့ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသခဲ့
Updated At: 2022-06-28 12:29:23
လာအိုနိုင်ငံ၊ စက်မှုနှင့်စီးပွားရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ကြီးမှူး၍ မဲခေါင်- လင်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ၏ ထောက်ပံ့မှုဖြင့် “International Food Exposition Lao PDR”ကို လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့ရာ ပြပွဲသို့ မြန်မာနိုင်ငံမှ မြန်မာ့စားသောက်ကုန်ပစ္စည်းများ ပါဝင်ခင်းကျင်းပြသနိုင်ခဲ့ပါသည်။ အဆိုပါပြပွဲမတိုင်မီ မြန်မာနိုင်ငံမှ စားသောက်ကုန်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် Product Development Activity Program အား ဆောင်ရွက်ခဲ့ပြီး ပြပွဲတွင် ဝင်ရောက် ပြသနိုင်ရန် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ကိုက်ညီသည့် စားသောက်ကုန်များကို ပေးပို့ပြသခဲ့ခြင်းဖြစ်ပါသည်။
ပြပွဲတွင် ပြသနိုင်ရန် Taw Win KanBawZa Mountain Co.,ltd မှ အသင့်ဖျော်လက်ဖက်ရည် ၊ Aung Nay Lin Htun Co.,ltdမှ ကော်ဖီနှင့် Golden Pineapple Co.,ltd မှ သစ်သီးယို၊ သစ်သီးခြောက်များကို လာအိုနိုင်ငံသို့ ပေးပို့ခဲ့ပြီး အဆိုပါပြပွဲ၏ Lancang-Mekong Pavilion တွင် ခင်းကျင်း ပြသခဲ့ခြင်း ဖြစ်သည်။
ငယ်ငယ်ထွန်း(ကုန်သွယ်မြှင့်)
Event Details
- Date
- 11th to 19th June
- Location
- လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့
- Website
- www.myantrade.org
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026