Events
Myanmar-Trade-and-Investment-Project
Updated At: 2020-12-15 21:31:17
Myanmar-Trade-and-Investment-Project
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးအား နိုင်ငံတကာကုန်သွယ်မှု ဗဟိုဌာန (ITC) မှ Mr. Charles Robert ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် UK နိုင်ငံ DFID အဖွဲ့အစည်း၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) အပါအဝင်ဆောင်ရွက်မည့် Myanmar Trade and Investment Programme (TIP) ကို ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် NES လုပ်ငန်းစဉ်များကို Update ပြုလုပ်သွားရန်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ချိတ်ဆက်ဆောင် ရွက်သွားနိုင်ရေး၊ NES အကောင်အထည်ဖော်နေသည့် ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ကြုံတွေ့ရ သည့် အောင်မြင်မှု၊ စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ၊ NES ကို ဆက်လက်အကောင်အထည်ဖော်မည့် ၂၀၂၀ မှ ၂၀၂၅ ခုနှစ် တွင် ဆောင်ရွက်ရန်လျာထားသည့် အလားအလာရှိသော ကဏ္ဍများနှင့် TIP ကို စတင်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ ညွှန်ကြားရေးမှူး ဦးသန်းမြင့်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီတာဝင်းဌေးတို့လည်း တက်ရောက်ခဲ့ကြပါသည်။
NES Unit

More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026