Events
အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ အရည်အသွေးမြင့် ဝါမျိုးစေ့တင်ပို့နိုင်ရေးနှင့် တန်ဖိုးမြှင့်ထောပတ်သီးထုတ်လုပ်မှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး
Updated At: 2025-08-14 20:31:47
၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၄ ရက် (ကြာသပတေးနေ့) နံနက် (၁၁:၀၀) နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ အရည်အသွေးမြင့် ဝါမျိုးစေ့တင်ပို့နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးနှင့် (၁၂:၀၀) နာရီတွင် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား တန်ဖိုးမြှင့်ထောပတ်သီးထုတ်လုပ်မှုကဏ္ဍပူးပေါင်းဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့နှင့် ကောလ်ကတ္တားမြို့ရှိ စီးပွားရေးသံမှူးများ၊ မြန်မာနိုင်ငံ ဝါနှင့်ဝါထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးတာဝန်ခံနှင့် အိန္ဒိယနိုင်ငံ၊ OOO Farms ကိုယ်စား International Federation of Business Intellectuals and Changemakers (IFBIC) မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ဝါမျိုးစေ့နှင့်ပတ်သက်၍ ရာသီဥတုနှင့် ပိုးမွှားဒဏ်ကိုခံနိုင်သော အရည်အသွေးမြင့် ဝါမျိုးစေ့များကို တင်သွင်းရရှိရေး၊ ဝါစိုက်ပျိုးရေးအတွက် အိန္ဒိယနိုင်ငံမှ နည်းပညာအကူအညီ ပေးနိုင်ရေး၊ အိန္ဒိယနိုင်ငံ၊ IFBIC မှ ကျွမ်းကျင်ပညာရှင်များ မြန်မာနိုင်ငံသို့ ကွင်းဆင်းလာရောက်၍ အကူအညီပေးနိုင်မည့် နည်းလမ်းများ သုတေသနပြုရှာဖွေ ဆောင်ရွက် ပေးရေး၊ တောင်သူများ လက်လှမ်းမီသည့် ဈေးနှုန်းသက်သာသော ဝါမျိုးစေ့များ တင်သွင်းနိုင် ရေး၊ မြန်မာနိုင်ငံမှ ဝယ်ယူလိုသော ဝါမျိုးစေ့အမည်၊ စိုက်ပျိုးမည့်ဧကများကို ပံ့ပိုးပေးနိုင်ရေး၊ အိန္ဒိယနိုင်ငံ၊ IFBIC မှ မြန်မာနိုင်ငံတွင် ဝါလာရောက်စိုက်ပျိုးပါက အသင်းမှလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရေးတို့ကို ဆွေးနွေးခဲ့ပါသည်။
ထို့ပြင် မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် ထောပတ်သီးများ၏ အရည်အသွေးနှင့် ထုတ်လုပ်နိုင်မှုပမာဏကို အိန္ဒိယဘက်သို့ ပံ့ပိုးပေးနိုင်ရေး၊ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံတွင် တန်ဖိုးမြှင့်ထောပတ်သီးထုတ်ကုန်များထုတ်လုပ်သည့်လုပ်ငန်းများတွင် PPP စနစ်ဖြင့် ရင်းနှီးမြှုပ်နှံ မှုများပြုလုပ်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို နေ့လယ် (၁၃:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026