Events

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆ - ၂၀၃၀) အကောင်အထည်ဖော်နိုင်ရေး ကြိုတင်ညှိနှိုင်းသည့် အစည်းအဝေးကျင်းပခြင်း

Updated At: 2025-05-15 09:58:23

20250425_135102

      အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅ - ၂၀၁၉) ကို ဂျာမဏီနိုင်ငံ GIZ ၏ အထောက်အပံ့နှင့် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန (ITC) ၏ နည်းပညာအကူအညီဖြင့် ဦးစားပေးကဏ္ဍ ၇ ခုနှင့် အထောက်အကူပြုကဏ္ဍ ၄ ခုတို့ကို ရွေးချယ်၍ ဆောင်ရွက်ခဲ့ပြီး ဒုတိယအဆင့်ဖြစ်သည့် အမျိုးသား ပို့ကုန်မဟာဗျူဟာ (၂၀၂၀ - ၂၀၂၅) ကို ဗြိတိန်နိုင်ငံ Foreign Commonwealth & Development Office (FCDO) ၏ ရန်ပုံငွေပံ့ပိုးမှုနှင့် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန၏ နည်းပညာအကူအညီဖြင့် ဦးစားပေးကဏ္ဍ ၁၃ ခုနှင့် အထောက်အကူပြု ကဏ္ဍ ၅ ခုကို နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ ရွေးချယ်ဆောင်ရွက်ခဲ့ပါသည်။

               ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင်ကျင်းပခဲ့သည့် အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆ - ၂၀၃၀) ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းသည့်အစည်းအဝေးကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်း ဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့၊ ၁၃:၃၀ နာရီအချိန်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းအဝေးခန်းမHybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ In person ဖြင့် ၁၀ ဦး၊ Online ဖြင့် ၆၅ ဦး၊ စုစုပေါင်း ၇၅ ဦးတက်ရောက်ခဲ့ပါသည်။

               အစည်းအဝေးတွင် တက်ရောက်လာသော အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀ - ၂၀၂၅)  ကဏ္ဍ ၁၈ ခုနှင့် သက်ဆိုင်သည့် အသင်းအဖွဲ့များမှ အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆ - ၂၀၃၀) အကောင်အထည်ဖော်ရာတွင် ဆက်လက်ပါဝင်လိုကြောင်း ဆွေးနွေးရရှိခဲ့ပါသည်။

 

                                                                                                                                                         မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့