Events

အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ အရည်အသွေးမြင့်ဝါမျိုးစေ့တင်ပို့နိုင်ရေး တတိယအကြိမ် ညှိနှိုင်းအစည်းအဝေး

Updated At: 2025-11-12 16:32:49

1

မြန်မာနိုင်ငံသို့ အိန္ဒိယနိုင်ငံမှ အရည်အသွေးမြင့် ဝါမျိုးစေ့တင်သွင်းနိုင်မှုအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရန် တတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ virtual စနစ်ဖြင့် ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိ သူများ၊ အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို့ရှိ မြန်မာစီးပွားရေးသံမှူး၊ ပြည်ပဝါမျိုးစေ့ တင်ပို့မှုအောင်မြင်ရေးကော်မတီမှ ကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံဝါနှင့် ဝါထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ စုစုပေါင်း ၁၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။

ညှိနှိုင်းအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် အိန္ဒိယနိုင်ငံမှ Suvin ဝါမျိုး တင်သွင်းနိုင်ရေး ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံသို့ ဝါမျိုးစေ့တင်သွင်း၍ မြန်မာ့တောင်သူများစမ်းသပ်စိုက်ပျိုးရာတွင် နှစ်ဖက်ကုန်ကျမည့်စရိတ်များကို တွက်ချက်၍ ပေးပို့နိုင်ရန်၊ ဝါမျိုးစေ့တင်သွင်းမှုပူးပေါင်းဆောင်ရွက်နိုင်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေးအတွက် MoU (မူကြမ်း) ကို ပြုစု၍ စီးပွားရေးသံမှူးမှတစ်ဆင့် အိန္ဒိယနိုင်ငံဘက်သို့ ပေးပို့နိုင်ရန်၊ မြန်မာနိုင်ငံသို့ အိန္ဒိယနိုင်ငံ၊ IFBIC မှ နည်းပညာ အဖွဲ့များလာရောက်၍ ကွင်းဆင်းလေ့လာနိုင်ရန်အတွက် အချိန်ကာလ သတ်မှတ်ပေးနိုင်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ၁၃:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

 

Event Details

Date
12nd November 2025
Location
Office No 3 Ministry of Commerce Nay Pyi Taw
Website
www.myantrade.gov.mm

More Events