Events
အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ (၁/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကျင်းပ
Updated At: 2025-03-18 20:33:27
အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိကပို့ကုန်မြှင့်တင်ရေးကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့၊ နေ့လယ် ၁၃:၃၀ နာရီ အချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၃)၊ နေပြည်တော်၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန် မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ဝန်ကြီးဌာန(၃)၊ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနှင့် ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသားပို့ကုန်မဟာဗျူဟာ ကဏ္ဍအလိုက် ပို့ကုန်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌများ၊ သက်ဆိုင်ရာအစိုးရဌာနများနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များမှ တာဝန်ရှိသူ (၆၅) ဦး တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ကဏ္ဍ အလိုက် လုပ်ငန်းစီမံချက် (Plan of Action) များကို အကောင်အထည်ဖော်ရာမှာ ရေတို အကျိုးရလဒ် (Quick Win) ရရှိမည့် လုပ်ငန်းစဥ်များကို ရွေးချယ်ပြီးဆောင်ရွက်လျက်ရှိပါသည်။ ဘဏ္ဍာနှစ်အလိုက် ဘဏ္ဍာငွေလျာထားမှုများကို ကြီးကြပ်ဆောင်ရွက်ပေးကြရန်နှင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀ - ၂၀၂၅) ကာလပြီးစီးသွားပါက ဆောင်ရွက်ရန် ကျန်ရှိသော လုပ်ငန်းစီမံချက်များအပေါ် လက်ရှိ အခြေအနေနှင့် ကိုက်ညီမှုရှိသော ရှေ့ဆက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစီမံချက်များကို ဖော်ထုတ်ထားကြရန် လိုအပ်ပါကြောင်းနှင့် လုပ်ငန်းစီမံချက်များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက် ခြင်းများ ဆောင်ရွက်ခြင်းဖြင့် အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆ - ၂၀၃၀) ကို ရေးဆွဲရာမှာ အထောက်အကူဖြစ်စေမှာ ဖြစ်ပါကြောင်းပြောကြားသွားပါသည်။
ဆက်လက်၍ ကော်မတီ ဒုတိယဥက္ကဋ္ဌက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၃၃.၀၀ ဘီလီယံ သတ်မှတ်လျာထားရာ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့အထိ စာရင်းများအရ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၅.၇၉၃ ဘီလီယံဖြင့် ၇၈ ရာခိုင်နှုန်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ကုန်ဆုံးခါနီးပြီဖြစ်၍ သတ်မှတ် လျာထားချက်များကို အတတ်နိုင်ဆုံး ပြည့်မီအောင်ဆောင်ရွက်နိုင်ရန်နှင့် ပို့ကုန်နှစ်ဆတိုးမြှင့် နိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ ပို့ကုန်လုပ်ငန်းရှင် များက အမြဲထိတွေ့ပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြား ခဲ့ပါသည်။
ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များ၊ ပုဂ္ဂလိက အသင်းအဖွဲ့အစည်းများမှ တာဝန်ရှိသူ များနှင့် ကဏ္ဍအလိုက်ကော်မတီဥက္ကဌများက သက်ဆိုင်ရာကဏ္ဍများ အလိုက်လုပ်ငန်း စီမံချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များ၊ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သင့်သည်များကို ဆွေးနွေးတင်ပြကြပါသည်။
ဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃) က ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
Event Details
- Date
- 18th March 2025
- Location
- Office No 3 Ministry of Commerce Nay Pyi Taw
- Website
- www.myantrade.gov.mm
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026