Events
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းမြှင့်တင်ဆောင်ရွက်နိုင်ရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး
Updated At: 2025-12-23 16:33:15
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းမြှင့်တင်ဆောင်ရွက်နိုင်ရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့ရာ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူး၊ ဒေါ်သန္တာခင်နှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို့ရှိ မြန်မာစီးပွားရေးသံမှူး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် သက်ဆိုင်ရာအသင်းများ၊ အိန္ဒိယခရီးသွားလုပ်ငန်းကုမ္ပဏီ Aerionyx Global Representative မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တောင်ပိုင်းဒေသတို့အကြား ခရီးသွားများ လည်ပတ်နိုင်ရေးအတွက် ပိုမိုသာယာ၍ အပန်းဖြေနိုင်သော ရိုးရာယဉ်ကျေးမှု အားကောင်းသည့် ဝန်းကျင်ကောင်းတစ်ခု ဖန်တီးနိုင်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များရေးဆွဲရန်၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်း မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းအဖွဲ့ (Working Group) ကို ဖွဲ့စည်းရန်၊ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းမြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစီမံချက် (PoA) (မူကြမ်း) ကို ရေးဆွဲဆောင်ရွက်ရန်၊ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းမြှင့်တင်ဆောင်ရွက် နိုင်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေးအတွက် နှစ်ဖက်မှ MoU (မူကြမ်း) များကို ပြင်ဆင်ထားရှိရန်၊ အိန္ဒိယနိုင်ငံ၊ Aerionyx Global Representative ၏ ခရီးသွား အစီအစဉ်များကို မြန်မာနိုင်ငံဘက်သို့ ပေးပို့ရန်၊ မြန်မာနိုင်ငံ၏ အလားအလာရှိသော ခရီးသွား အစီအစဉ်များနှင့် ဗွီဒီယိုကလစ်များကို အိန္ဒိယနိုင်ငံဘက်သို့ ပေးပို့ရန်နှင့် ဒုတိယအကြိမ်ညှိနှိုင်း အစည်းအဝေးကို ကျင်းပနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ရန်တို့ကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေး ကို ၁၁:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

Event Details
- Date
- 23rd December 2025
- Location
- Office 3 , Ministry of Commerce
- Website
- www.myantrade.gov.mm
More Events
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026
“73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
Date: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ