Events
The Guangdong and Macao Branded Products Fair 2023 (GMBPF 2023) သို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသမည်
Updated At: 2023-06-22 13:06:18

The Guangdong and Macao Branded Products Fair 2023 (GMBPF 2023) ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မကာအိုအုပ်ချုပ်ခွင့်ရဒေသရှိ Galaxy International Convention Center ၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
အဆိုပါပြပွဲ၌ မြန်မာနိုင်ငံရှိ FINE JEWELLERY ၊ SOON SHIN JADE, GEM & JEWELLERY ၊ GOOD JADE & JEWELLERY ၊ AMATAY MYANMAR PEARL ၊ JEWEL NINE Gems & Jewellery၊ SHWE LAMIN JADE & JEWELLERY ၊ LUCKY ROYAL TRADING CO.,LTD ၊ GRAND AUNG WOOD COMPANY LIMITED စသည့် ကုမ္ပဏီ(၈)ခုတို့မှ ကျောက်မျက်ရတနာများ၊ လက်မှုပစ္စည်းများနှင့် မြန်မာ့စားသောက်ကုန်များတို့ကို ပါဝင်ပြသမည်ဖြစ်ပါသည်။
ပြပွဲကို ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမ၏ မဟာဗျူဟာမြောက်ဆုံမှတ် တစ်ခု ဖြစ်သည့် မကာအိုဒေသ၏ ပြင်ပစီးပွားရေးချဲ့ထွင်မှုနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုတို့ အတွက် အခွင့်အလမ်းများရှိကြောင်း၊ မကြာသေးသောနှစ်များမှစတင်ပြီး GMBPF ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်ရှိ နိုင်ငံများနှင့်ဒေသများမှ ထုတ်ကုန်များကို မိတ်ဆက်ခဲ့ရာ ၂၀၁၆ ခုနှစ်တွင် အင်ဒိုနီးရှား၊ ၂၀၁၇ ခုနှစ်တွင် မြန်မာ၊ ၂၀၁၈ ခုနှစ်တွင် မလေးရှားနှင့် ၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံတို့ကို ဖိတ်ခေါ်ကာ ထုတ်ကုန်များအား ပြသခဲ့ပါသည်။
ယခုနှစ်တွင်လည်း တရုတ်နိုင်ငံနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းတစ်လျှောက်ရှိနိုင်ငံများမှ ပါဝင်ပြသမည်ဖြစ်ပြီး မကာအိုအုပ်ချုပ်ခွင့်ရဒေသတွင် ထင်ရှားသော ပြပွဲတစ်ခုဖြစ်ကြောင်း သတင်းရရှိပါသည်။
TD ( NPT )
Event Details
- Date
- 27th to 30th July
- Location
- တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မကာအိုအုပ်ချုပ်ခွင့်ရဒေသရှိ Galaxy International Convention Center
- Website
- www.myantrade.gov.mm
More Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025