Events
CAEXPO ၏ International Sister Cities နှင့် Tourism Exhibition တို့တွင် ရန်ကုန်မြို့မှ ပါဝင်ပြသမည်
Updated At: 2023-06-23 15:35:56
CAEXPO ၏ International Sister Cities နှင့် Tourism Exhibition ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ၎င်းတို့၏ ညီအစ်မမြို့တော်များအ ကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ပြည်သူများအကြား ထိတွေ့ဆက်ဆံရေး၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။
International Sister Cities ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ၁၃၅ စတုရန်းမီတာအကျယ်အဝန်း၌ ပြခန်း(၁၅)ခန်းအား ထောက်ပံ့ပေးသွားမည်ဖြစ်ရာ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့နှင့် ညီအစ်မမြို့ဖြစ်သော မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှ စျေးကွက်ဝင်ဒေသထွက်ကုန်ပစ္စည်းများ ပါဝင်ပြသသွားမည် ဖြစ်ပါသည်။
ထို့အပြင် Tourism Exhibition ကို ကွေ့လင်မြို့၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားဆိုင်ရာလုပ်ငန်းများကို ဖိတ်ခေါ်ထားကာ thematic forums များ၊ အစည်းအဝေးများ၊ လေ့လာရေးခရီးစဉ်များလည်း ပါဝင်ကျင်းပသွားမည်ဖြစ်ပါသည်။ အဆိုပါပြပွဲကိုလည်း ရန်ကုန်မြို့မှ လုပ်ငန်းရှင်များ ပါဝင်ပြသသွားမည်ဖြစ်ပြီး online ၊ offline ဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
TD ( NPT )
Event Details
- Date
- 16th to 20th September
- Location
- တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့
- Website
- www.myantrade.gov.mm
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026