Events
AI TECH 2023 ကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ ကျင်းပပြုလုပ်မည်
Updated At: 2023-06-28 12:44:55
ကိုရီးယားသမ္မတနိုင်ငံ၊ Gwangju မြို့၌ AI TECH 2023 ကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ Gwangju မြို့သည် ကိုရီးယားသမ္မတနိုင်ငံ၏ AI Hub City အဖြစ် သတ်မှတ်ရွေးချယ်ခံထားရပြီး ၊ AI TECH 2023 ကို ကျင်းပခြင်းသည် ကိုရီးယားသမ္မတနိုင်ငံ၏ AI ကဏ္ဍအတွက် တစ်ကမ္ဘာလုံးမှပညာရှင်များ စုဝေးဆွေးနွေးရာ နေရာတစ်ခုအဖြစ် ဖန်တီးရေးတွင် ပထမခြေလှမ်းဖြစ်ပါသည်။
ကုမ္ပဏီများအနေဖြင့် AI TECH 2023 သို့ ပါဝင်ခြင်းဖြင့် စီးပွားရေးအချိတ်အဆက်များ ရရှိနိုင်ပြီး၊ ၎င်းတို့၏ စီးပွားရေးတိုးတက်မှုအတွက် အထောက်အကူရနိုင်မည်ဖြစ်ပြီး ပြခန်းလာရောက်ပြသမည့် ကုမ္ပဏီများမှ လုပ်ငန်းဆိုင်ရာ ရှင်းလင်းပြောကြားမှုများ ပြုလုပ်နိုင်ရေးအတွက် ညီလာခံခန်းမ (Conference room) များ ထောက်ပံ့ပေးမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပါဝင်ပြသမည့် ကုမ္ပဏီများသည် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ Email: [email protected] ၊ ဖုန်း - ၀၆၇၄၀၈၆၂၂ သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သတင်းရရှိပါသည်။
Waiyan(TD)
Event Details
- Date
- 30th August to September 1
- Location
- ကိုရီးယားသမ္မတနိုင်ငံ၊ Gwangju မြို့
- Website
- www.myantrade.gov.mm
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026