Events
အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ အရည်အသွေးမြင့်ဝါမျိုးစေ့တင်ပို့နိုင်ရေး စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေး
Updated At: 2026-03-12 16:26:57
အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ အရည်အသွေးမြင့်ဝါမျိုးစေ့တင်ပို့နိုင်ရေး စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံ၊ ကော်ကတ္တား မြို့ရှိ မြန်မာစီးပွားရေးသံမှူးနှင့် မြန်မာနိုင်ငံဝါနှင့် ဝါထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ စုစုပေါင်း ၁၃ ဦးခန့် တက်ရောက်ခဲ့ပါသည်။
ညှိနှိုင်းအစည်းအဝေးတွင် မြန်မာနိုင်ငံဝါအသင်းနှင့် အိန္ဒိယနိုင်ငံ IFBIC နှင့် Remei Pvt.,Ltd တို့အကြား အရည်အသွေးမြင့် ဝါမျိုးစေ့တင်သွင်းနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက် နိုင်ရေးအိန္ဒိယနိုင်ငံမှ တင်သွင်းလျက်ရှိသည့် ဝါအမျိုးအစားများနှင့် သတ်မှတ်ချက်များကို ပေးပို့ရန်၊ အိန္ဒိယနိုင်ငံမှ စပ်မျိုးမဟုတ်သည့် ချည်မျှင်ရှည် ဝါအမျိုးအစားများကို တင်သွင်းနိုင်ရေးဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံမှ နှစ် (၄၀) ဝါနှင့် နှစ် (၈၀) ဝါအမျိုးအစားများ၏ သတ်မှတ်ချက်များကိုပေးပို့ရန်စသည်တို့ကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ၁၃:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
Event Details
- Date
- 12 March 2026
- Location
- Office No.3 Ministry of Commerce
- Website
- www.myantrade.gov.mm