Events
ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုဆိုင်ရာနှင့် ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အက်ခ်မက်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကျင်းပခြင်း
Updated At: 2025-11-06 14:11:24
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် အက်ခ်မက်အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် များပါဝင်၍ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုဆိုင်ရာနှင့် ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ အက်ခ်မက်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေး (The 2nd ACMECS Coordinating Committee on Trade, Investment and Industry, and on Financial Cooperation) ကို အက်ခ်မက်မဏ္ဍိုင် - ၂ ထပ်တူကျသော အက်ခ်မက်စီးပွားရေး (Synchronized ACMECS Economics) ၏ မြန်မာနိုင်ငံဆိုင်ရာပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ဦးဆောင်၍ Virtual စနစ် ဖြင့်ကျင်းပခဲ့ ပါသည်။ အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့်အဖွဲ့က အက်ခ်မက်အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် လုပ်ငန်းစဉ်များ အားလုံးညီညွှတ်မှုရှိစေရေးနှင့် လွယ်ကူစေရေးဆောင်ရွက်နိုင်ရန် အဖွဲ့ဝင်နိုင်ငံ များရှိ အဖွဲ့အစည်းများအကြား စွမ်းဆောင်ရည်ကွာဟမှုမရှိစေရန်၊ ဒစ်ဂျစ်တယ်စနစ်ဖြင့် လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန်၊ ကုန်စည်များဈေးကွက်ဝင်ရောက်မှုကိုမြှင့်တင်ဆောင်ရွက် ရန်နှင့် မြန်မာနိုင်ငံတွင် အပင်ပိုးမွှားနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာစီမံဆောင်ရွက်မှုများ၊ ကုန်သွယ်မှုနှင့်စပ်လျဉ်းသည့် နည်းပညာဆိုင်ရာ အတားအဆီးများနှင့်ပတ်သက်၍ ဆောင်ရွက် နေမှုများကို ဆွေးနွေးခဲ့ကြပါသည်။
ထို့အပြင် ACMECS Master Plan 2019-2023 ကိုအခြေခံ၍ ACMECS Master Plan 2026-2030 ပြင်ဆင်ရေးဆွဲနိုင်ရန်၊ မန္တလေးငလျင်ပြီးနောက် မြန်မာ့ MSMES များ ဒစ်ဂျစ်တယ် စနစ်ဖြင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်နိုင်ရန်၊ အက်ခ်မက်အဖွဲ့ဝင်နိုင်ငံများအကြား အထူး စီးပွားရေးဇုန်ဆိုင်ရာကိစ္စရပ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်ပြီး ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်ရန်၊ အက်ခ်မက်ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ (ACMDF) တည်ထောင်ခြင်းမှတဆင့် အဖွဲ့ဝင်နိုင်ငံများ တွင် စီမံကိန်းဆောင်ရွက်မှုများအတွက် ရန်ပုံငွေထောက်ပံ့မှုရရှိစေရန်နှင့် ဒေသတွင်း စီးပွားရေး နှင့် ငွေကြေးဆိုင်ရာပေါင်းစည်းမှု ပိုမိုခိုင်မာလာစေရေး ငွေကြေးဈေးကွက် ချိတ်ဆက်မှုကို ပိုမိုမြန်ဆန်လာစေရန်တို့ကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် ၁၁:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

Event Details
- Date
- 6 November 2025
- Location
- Office No.3 Ministry of Commerce
- Website
- www.myantrade.gov.mm