Events
နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့တွင် Offshore Energy Exhibition and Conference 2023 (OEEC) ကို နိုဝင်ဘာလ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ( ၂ ) ရက်ကြာကျင်းပပြုလုပ်မည်
Updated At: 2023-10-24 15:52:34
နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့ရှိ RAI Amsterdam ကွန်ဗင်းရှင်းစင်တာတွင် Offshore Energy Exhibition and Conference 2023 (OEEC) ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ( ၂ ) ရက်ကြာ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
အဆိုပါအခမ်းအနားသို့ ကမ္ဘာလုံးဆိုင်ရာ Offshore Energy နယ်ပယ်ရှိ သက်ဆိုင်ရာနိုင်ငံများမှ အစိုးရအဖွဲ့အစည်းများ၊ ပြင်ပလုပ်ငန်းရှင်များနှင့် ကျွမ်းကျင်ပညာရှင်များ ပါဝင်တက်ရောက်ကြမည်ဖြစ်ပြီး ပြပွဲတွင် LPG၊ CNG၊ ဇီဝဓာတ်ငွေ့နှင့်သဘာဝဓာတ်ငွေ့ အစရှိသည့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုနည်းပါးသော လောင်စာများ(Clean Fuel)၊ သောင်တူးခြင်းလုပ်ငန်း(Dredging)၊ ပင်လည်ရေကြောင်းဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး(Green Marine)၊ ရေကြောင်းစွမ်းအင်အသုံးချမှု(Marine Energy)၊ ရေနံနှင့်ဓာတ်ငွေ့(Oil & Gas)၊ ကမ်းလွန်လေတာဘိုင်များ (Offshore Wind)အသုံးပြုမှုနှင့် ရေအောက်ပင်လယ်(Subsea)ဆိုင်ရာကဏ္ဍများအလိုက် ဈေးကွက်များအပေါ်ဦးတည်၍ ပြသသွားမည်ဖြစ်ကြောင်း၊ OEEC သည် ပင်လယ်ရေကြောင်းနှင့် ကမ်းလွန်စွမ်းအင် ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို ကမ္ဘာ့နိုင်ငံများအလယ်တွင်ပြသနိုင်ရုံသာမက နိုင်ငံ၏ အမျိုးသားအကျိုး စီးပွားဖြစ်ထွန်းစေမည့် လုပ်ငန်းဆိုင်ရာအချိတ်အဆက်အသစ်များ၊ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါ သည်။
OEEC အခမ်းအနားကို ၂၀၂၃ ခုနှစ်အတွက် Changing Currents ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး နယ်သာလန်အစိုးရမှဖိတ်ကြားထားသည့် နိုင်ငံတကာသံတမန်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် Knowledge and Networking Programme အစီအစဉ်ကိုလည်း ( ၃ )ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် Conference Sessions အနေဖြင့် ၂၈-၁၁-၂၀၂၃ ရက်နေ့မှ ၃၀-၁၁-၂၀၂၃ ရက်နေ့အထိ တစ်ရက်လျင် ဆွေးနွေးပွဲ ( ၃ )ခုစီဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အဆိုပါပြပွဲတွင် ပါဝင်ပြသမည့်နိုင်ငံများအနေဖြင့် Trade Delegation Package ဖြင့် OEEC Longue နေရာ၌ နိုင်ငံ/အဖွဲ့အစည်းကိုယ်စားပြု (၈)စတုရန်းမီတာရှိ ပြခန်း( ၁ )နေရာစာ ရယူနိုင်မည်ဖြစ်ပြီး Package တစ်ခုလျင် အများဆုံး(၁၀)ဦးအထိပါဝင်နိုင်မည်ဖြစ်ပါကြောင်း၊ တက်ရောက်မည့်ကိုယ်စားလှယ်တစ်ဦးလျင် (၇၅၀) ယူရိုကျသင့်မည်ဖြစ်ပြီး ဝင်ခွင့်လက်မှတ်များကို ကိုယ်စားလှယ်( ၁ )ဦးချင်းစီအတွက်သာ အသုံးပြု နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ Package တွင် ပြခန်းအတွက်လိုအပ်မည့် ထိုင်ခုံ ၄ လုံး၊ Side Table ၂ လုံး၊ TV Screen၊ Banner တို့ ပါဝင်မည်ဖြစ်ပြီး ပြပွဲမစတင်မီ ၁ ပတ်အတွက် Banner ဖြင့် မိမိတို့နိုင်ငံ၏ပြခန်းဆိုင်ရာ ကြေညာနိုင်မည့် One Week Banner Campaign၊ OEEC အခမ်းအနား( ၂ )ရက်အတွက်ဝင်ခွင့်နှင့် Business Lounge နှင့် Official Networking Drinks ဝင်ခွင့်တို့လည်း ပါဝင်မည်ဖြစ်ကြောင်း၊ အခမ်းအနားနှင့်စပ်လျဉ်းသည့် အချက်အလက်များအား https://www.offshore-energy.biz/oeec2023/ တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ကြောင်းနှင့် ပြပွဲသို့ တက်ရောက်မည့်သူများစာရင်းကို အီးမေးလ် [email protected] သို့ ၃၁-၁၀-၂၀၂၃ ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်ပေးပို့အကြောင်းကြားရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ
Event Details
- Date
- 28th to 29th November 2023
- Location
- နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့ရှိ RAI Amsterdam ကွန်ဗင်းရှင်းစင်တာ
- Website
- myantrade.gov.mm
More Events
ပို့ကုန်နှစ်ဆ တိုးမြှင့်ကြ
Date: 2025-26
The 2nd Hunan (huaihua) RCEP Economic and Trade Expo ပြပွဲ ကျင်းပပြုလုပ်မည်
Date: 8th to 11th May, 2025