Events
Online Investment Project Introduction Conference
Updated At: 2020-08-05 09:07:48
Online Investment Project Introduction Conference ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့အခြေစိုက်တရုတ်စက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းများ တင်ပို့/တင်သွင်းခြင်းဆိုင်ရာ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအဖွဲ့ China Chamber of Commerce for Import and Export of Machinery and Electronic Products-(CCCME) က “Online Investment Project Introduction Conference” ကို ယခုနှစ် သြဂုတ်လအတွင်း Zoom application ဖြင့်ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနမှတဆင့် သိရှိရပါသည်။ CCCME သည် အဖွဲ့ဝင်ကုမ္ပဏီပေါင်း (၁၀၀၀) ကျော် ပါဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ မိတ်ဆက်သည့် Online ညီလာခံသို့ မြန်မာနိုင်ငံမှ စိတ်ဝင်စားသည့် ဝန်ကြီးဌာနများ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်နိုင်ကြောင်းသိရှိရသည်။ မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှပ်နှံစေလိုသည့် စီမံကိန်းဆိုင်ရာအသေးစိတ်အချက်များအား ကုမ္ပဏီများက ပို့ပေးပါက ယင်းညီလာခံတွင် ပါဝင်နိုင်ရန် ဖိတ်ခေါ်သွားမည်ဖြစ်ပြီး စီမံကိန်းများ မိတ်ဆက်ပြီးသည့်နောက်တွင် CCMEကကုမ္ပဏီတစ်ခုချင်းစီအတွက် B2B Online အစည်းအဝေးများ ကျင်းပနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ယင်းညီလာခံ ကျင်းပရေးဆောင်ရွက်ချက်များတွင် မြန်မာသံရုံး၊ ပေကျင်းမြို့အနေဖြင့်လည်း ပါဝင် တက်ရောက်သွားမည်ဖြစ်သည်။ အဆိုပါ Conference သို့ တက်ရောက်လိုပါက Ms.ZhaoMengyuan၊ Tel:+ 86-10-58280752၊ 86-13972576926၊ E-mail: [email protected]သို့ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းအသိပေးပါသည်။
Event Details
- Date
- Updating
- Location
- တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့
- Website
- www.myantrade.org
More Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025