Events

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး

Updated At: 2026-02-03 16:10:36

IMG_5823

                     ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ ၁၀:၀၀ နာရီအချိန်၌ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမတွင် Hybrid  စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေးကို  မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က ဦးဆောင် ၍ အမျိုးသားပို့ကုန်မဟာဗျူဟာ ကဏ္ဍအလိုက် ကော်မတီဥက္ကဋ္ဌများ၊ သက်ဆိုင်ရာဌာနများနှင့် အသင်းအဖွဲ့များမှ In Person ဖြင့် ၁၉ ဦး၊ Online ဖြင့် ၃၆ ဦး၊ စုစုပေါင်း ၅၅ ဦး တက်ရောက်ခဲ့ ကြပါသည်။

          အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာထိန်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသူများမှ အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေးအတွက် ဆောင်ရွက် ပြီးစီးမှုအခြေအနေများနှင့် ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များကို တင်ပြဆွေးနွေးခဲ့ကြပါ သည်။

ထို့နောက် ကဏ္ဍများအလိုက် ပါဝင်ဆောင်ရွက်နေသည့် ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့ များက အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရာ၌ ကဏ္ဍအလိုက် ကော်မတီများက အဖွဲ့ဝင်များစာရင်းနှင့် လုပ်ငန်းစီမံချက်များကို ရေးဆွဲပေးပို့ပေးရန်၊ ကဏ္ဍ အလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲသည့်အခါတွင် အကောင်အထည်ဖော်မည့်ကာလကို ဘဏ္ဍာနှစ်ဖြင့် သတ်မှတ်ရေးဆွဲရန်၊ ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များအနက် အလျင်အမြန် အကောင်အထည်ဖော်နိုင်မည့် Quick Win လုပ်ငန်းစဉ်တို့ကို ရွေးချယ်၍  သက်ဆိုင်ရာဘဏ္ဍာနှစ်အလိုက် ဘတ်ဂျတ်တင်ပြ တောင်းခံဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးခဲ့ ကြပြီး အစည်းအဝေးကို ၁၂:၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။