Events
Speciatity & Fine Food Asia (SFFA) ၊ Restaurant Pub & Bar (RPB) Asia၊ Speciality Coffee & Tea Asia (SCTA) နှင့် Meat & Poultry Asia (MPA)
Updated At: 2020-07-27 09:10:11
“Speciatity & Fine Food Asia (SFFA) ၊ Restaurant Pub & Bar (RPB) Asia၊ Speciality Coffee & Tea Asia (SCTA) နှင့် Meat & Poultry Asia (MPA)” ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ စင်္ကာပူနိုင်ငံ၊ Suntec Singapore Convention & Exhibition Centre တွင် ကျင်းပ မည်ဖြစ်ကြောင်း သိရှိရပါသည်။ ပြခန်းခနှုန်းထားများအနေဖြင့် (၁၈)စတုရန်းမီတာ ပြခန်းတစ်ခန်းကို (၅၀) ရာခိုင်နှုန်းအထူးလျော့စေျးဖြင့် လည်းကောင်း၊ (၉) စတုရန်းမီတာအကျယ်ရှိသော ပြခန်းတစ်ခန်းကို (၃၃) ရာခိုင်နှုန်းလျှော့စေျးဖြင့်လည်းကောင်း၊ Start-up Village နေရာတွင် (၄)စတုရန်းမီတာအကျယ်ရှိသော ပြခန်းများအား (၃၀) ရာခိုင်နှုန်း လျှော့စေျးဖြင့်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါပြပွဲသည် အရှေ့တောင်အာရှတွင် နာမည်ကြီးသော ကုန်စည်ပြပွဲကြီး ဖြစ်သည့်အပြင် နိုင်ငံတကာမှ ဝယ်လက်ကြီးများက ပြပွဲသို့တက်ရောက်၍ လုပ်ငန်း ချိတ်ဆက်မှုများ ပြုလုပ်ကြသည့်အတွက် စေျးကွက်ထိုးဖောက်လိုသော မြန်မာ့သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များအပါအဝင် တန်ဖိုးမြှင့်စားသောက်ကုန်များ၊ ငါးနှင့် ပင်လယ်စာ၊ ကော်ဖီနှင့် လက်ဖက်စသည့် ကုန်စည်တို့ကို ပါဝင်ပြသသွားနိုင်ပါက စေျးကွက်တိုးချဲ့နိုင်သော အခွင့်အလမ်း ကောင်းတစ်ခု ဖြစ်ပါကြောင်းနှင့် ကုန်စည်ပြပွဲ၌ စေျးကွက်ရှာဖွေလိုသော မြန်မာလုပ်ငန်းရှင်များအား ပြခန်းငှားရမ်းခအထူးနှုန်းထားဖြင့် ပါဝင်ပြသခွင့်ရရှိမည်ဖြစ်ပြီး ပြသမည်ဆိုပါက (၁-၁၂-၂၀၂၀) နေ့မတိုင်မီ အကြောင်းပြန်ကြားပေးရမည်ဖြစ်ပါသည်။ ပြပွဲဆိုင်ရာအချက်အလက်များ သိရှိလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ရုံးအမှတ်(၃)၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၀၈၆၀၈၊ ၀၆၇-၃၄၀၈၆၂၂၊ ၀၆၇-၃၄၀၈၆၂၃ နှင့် email:moctradefair@ gmail.com နှင့် [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးပါသည်။
Event Details
- Date
- Updating
- Location
- စင်္ကာပူနိုင်ငံ၊ Suntec Singapore Convention & Exhibition Centre
- Website
- www.myantrade.org
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026