Events
Top Thai Brands-2020
Updated At: 2020-02-18 06:15:08

“Top Thai Brands- 2020"ပြပွဲ ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ထိ ရန်ကုန်မြို့၊ တပ်မတော်ခန်းမတွင် ထိုင်းနိုင်ငံကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန (DITP) မှ ဦးဆောင်၍ ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း ရန်ကုန်မြို့၊ ထိုင်းစီးပွားရေးသံမှူးရုံးမှ သိရှိရပါသည်။ အဆိုပါ ပြပွဲကျင်းပခြင်းဖြင့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှပ်နှံမှုများတိုးတက်လာစေရန်၊ ထိုင်းနိုင်ငံမှ အရည်အသွေးမြင့်မားသည့် ထုတ်ကုန်များ၊ မြန်မာစေျးကွက်သို့ တင်ပို့ရောင်းချနိုင်ရန်၊ နှစ်နိုင်ငံကြားစီးပွားရေး ကွန်ယက်တိုးတက်စေရန် ရည်ရွယ်ကြောင်းသိရှိရပါသည်။ ယင်းပြပွဲတွင် ပြခန်းပေါင်း (၁၃၂) ခန်းဖြင့် ထိုင်းထုတ်ကုန်ပစ္စည်းအမျိုးမျိုးပါဝင်ပြသမည်ဖြစ်ပါသည်။ ပြပွဲဆိုင်ရာအချက်အလက်များကို သိရှိလိုပါက ရန်ကုန်မြို့၊ ထိုင်းစီးပွားရေးသံမှူးရုံး ဖုန်း 09-420050806,775920430 နှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ရုံးအမှတ် (၃)၊ နေပြည်တော် ဖုန်း ၀၆၇-၃၄၀၈၆၂၂, ၀၆၇-၃၄၀၈၆၂၃ E-mail; [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါ ကြောင်း အသိပေးပါသည်။
More Events
2nd ASEAN-Pakistan Business Opportunities Conference ကျင်းပမည်
Date: 16th to 21th April, 2025
Smart Farm Korea 2025 (SFKOREA 2025 ) ပြပွဲ ကျင်းပမည်
Date: 21st to 23rd May, 2025
FTCCI Experiential Tourism MICE Fair 2025 ပြပွဲ ကျင်းပမည်
Date: 26th to 27 th May, 2025