Events

(၁၅) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ ကျင်းပခြင်း

Updated At: 2018-09-11 06:29:21

၂၀၀၃ ခုနှစ်၊ အောက်တိုဘာလက အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကျင်းပခဲ့သော (၇) ကြိမ်မြောက် အာဆီယံ-တရုတ်ထိပ်သီး အစည်းအ‌ဝေးတွင် တရုတ်၀န်ကြီးချုပ် ၀မ်ကျားပေါင်က တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးနယ်မြေတည်ဆောက်ရေးကို အထောက်အကူ ပြုရန်အတွက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲများကို နှစ်စဉ်ကျင်းပသွားရန် အဆိုပြုခဲ့ပါသည်။

ထို့ကြောင့် တရုတ်-အာဆီယံပြပွဲများကို တရုတ်နိုင်ငံ၊ နန်နင်းမြို့တွင် ၂၀၀၄ ခုနှစ်မှ စတင် ကျင်းပခဲ့ပါသည်။ ပြပွဲနှင့်အတူ တရုတ်-အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်း          အ‌ဝေးကိုလည်း တစ်ပြိုင်နက်တည်း ကျင်းပလေ့ ရှိပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၁၅) ကြိမ် မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် နှစ်လိုဖွယ်ရာမြို့ (City of Charm) ၏ Theme “Jointly Building the 21st Century Maritime Silk Road, Forging the China-ASEAN Community of Innovation” “၂၁ ရာစု ရေကြောင်းပိုးလမ်းမကြီးကို အတူတကွ တည်ဆောက် ခြင်းဖြင့် တရုတ်-အာဆီယံအသိုင်းအဝန်းကို တီထွင်ဆန်းသစ်ဆောင်ရွက်ကြရန် ဖြစ်ပါသည်။

 ယခုနှစ် မြန်မာအမျိုးသားပြခန်းဆောင် (National Pavilion) တွင် နှစ်လိုဖွယ်ရာမြို့ အဖြစ် ဘားအံမြို့အား ရွေးချယ်ခဲ့ပါသည်။ ဖျော်ဖြေရေးအစီအစဉ်အဖြစ် မြန်မာ့အမျိုးသားပြခန်း ဆောင်တွင် နှစ်လိုဖွယ်ရာမြို့နှင့်ကိုက်ညီသော ကရင်ပြည်နယ်၊ ဘားအံမြို့ မှ အနုပညာရှင်  (၁၃) ဦးက ကရင်တိုင်းရင်းသားရိုးရာအကများဖြင့် ပြပွဲကာလအတွင်း ဖျော်ဖြေသွားမည် ဖြစ်ပါသည်။

(၁၅) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် ပြသမည့်ကုန်စည်များမှာ ကျောက် မျက်နှင့်လက်ဝတ်ရတနာပစ္စည်းများ၊ မြန်မာ့ကော်ဖီနှင့်လက်ဖက်ထွက်ကုန်ပစ္စည်းများ၊ မြန်မာ့ လက်မှုပစ္စည်းများ၊ ကြိမ်ပရိဘောဂပစ္စည်းများ၊ မြန်မာ့စိုက်ပျိုးရေးထွက်ကုန်နမူနာများ၊ စားသောက်ကုန်နမူနာ စသည့်ပစ္စည်းများကို မြန်မာလုပ်ငန်းရှင်များမှ ပြခန်းပေါင်း (၁၆၈) ခန်း ဖြင့် သွားရောက်ပြသကြပါသည်။