Events

Travel & Tourism India 2020

Updated At: 2020-03-06 04:48:28

Travel & Tourism India 2020 ပြပွဲကို အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ရှိ Trinity Group နှင့် The Chamber for Import, Export & Health တို့ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ မှ ၃၁ ရက်နေ့ထိ အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့နှင့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့ မှ ၅ ရက်နေ့ထိ မွန်ဘိုင်းမြို့တို့တွင် ကျင်းပမည်ဖြစ်ပြီး ပြပွဲနှင့်အတူ B2B, B2C စသည့် တွေ့ဆုံပွဲများလည်း ပါဝင်မည်ဖြစ်ကြောင်း နယူးဒေလီမြို့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး မှတဆင့် သိရှိရပါသည်။ ပြပွဲတွင် ပြခန်းခအနေဖြင့် Raw Space အကျယ်အဝန်း ၁ စတုရန်းမီတာလျှင် ရူပီးငွေ ၁၇၀၀၀နှုန်းနှင့် Shell Space အကျယ်အဝန်း ၁ စတုရန်းမီတာလျှင် ရူပီးငွေ ၁၈၀၀၀နှုန်း သတ်မှတ်ထားပါကြောင်းနှင့် ပြခန်းငှားရမ်းခအပေါ် ကုန်စည်နှင့် ဝန်ဆောင်မှုအခွန် ၁၈% ကျသင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါပြပွဲသို့ မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားလာရေးကုမ္ပဏီများ ပါဝင်တက်ရောက်နိုင်ရန် ဖိတ်စာကို ရန်ကုန်မြို့ရှိ  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သို့  (၅-၃-၂၀၂၀) ရက်နေ့တွင် ဖြန့်ဝေပေးထားပါသည်။ ပြပွဲဆိုင်ရာအချက်အလက်များ သိရှိလိုပါက နယူးဒေလီမြို့၊ မြန်မာသံရုံးမှ စီးပွားရေးသံမှူး ဦးနေအေးလွင်၊ email:[email protected] နှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ရုံးအမှတ်(၃)၊ နေပြည်တော်၊ ဖုန်း- ၀၆၇-၃၄၀၈၆၀၈၊ ၀၆၇-၃၄၀၈၆၂၂၊ ၀၆၇-၃၄၀၈၆၂၃ ၊ email:[email protected] တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးပါသည်။

Read more