Events
Value Chain upgrading of Potential Fruit (Coconut) in Ayeyarwaddy Region စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် Mekong Institute တို့အကြား အကြိုညှိနှိုင်းအစည်းအဝေးကျင်းပခြင်း။
Updated At: 2023-03-22 21:44:26
ACMECS-ROK ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဧရာဝတီတိုင်းဒေသ ကြီးတွင် အလားအလာရှိသောထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့် တင်ထုတ်လုပ်ခြင်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ရန်အတွက် ညှိနှိုင်းသည့်အစည်းအဝေးကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် Mekong Institute တို့အကြား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် (၀၈:၃၀) နာရီအချိန်တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းနှင့် စီမံကိန်းဆိုင်ရာတာဝန်ရှိသူများ၊ Mekong Institute မှ Trade and Investment Facilitation Department, Program Manager ဖြစ်သူ Mr. Sa-nga Sattanun ဦးဆောင်သည့် အဖွဲ့ဝင် (၃) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် Mekong Institute က ACMEC-ROK စီမံကိန်း နောက်ခံအကြောင်းအရာ၊ Mekong Institute ၏အခန်းကဏ္ဍနှင့် လုပ်ငန်းတာဝန်များ၊ စီမံကိန်းအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းအကောင်အထည်ဖော်ရေးအဖွဲ့ (Project Implementing Agency-PIA) က ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ တင်ပြရမည့်အစီရင်ခံစာများ၊ Mekong Institute မှ ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က စီမံကိန်းစတင်နိုင်ရန်အတွက် ဆောင်ရွက်ထားသည့်အခြေအနေများ၊ လုပ်ငန်းစဉ်တစ်ခုချင်းအလိုက် ဘတ်ဂျက်လျာထားဆောင်ရွက်သွားမည့် အခြေအနေများကိုဆွေးနွေးပြီး ဆက်လက်၍ နှစ်ဖက်အဖွဲ့အစည်းကြား ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအတွက် အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးကို နံနက် (၁၁:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
More Events
Bihar Business Connect 2024 – A Global Investor’s Summit ကျင်းပပြုလုပ်မည်
Date: 19th to 20 th December, 2024
ဟောင်ကောင်ဒေသ နိုင်ငံတကာခရီးသွားလုပ်ငန်းပြပွဲ-၂၀၂၅ ကျင်းပပြုလုပ်မည်
Date: 12th to 15th June, 2025
12th Exhibition of Equipment, Laboratory materials and Advanced test (IRANLABEXPO)
Date: 13th to 16th December, 2024