Events
World of Travel Trade & Taste Expo 2020 – Marketplace for global business exchange
Updated At: 2020-03-11 06:38:04
World of Travel Trade & Taste Expo 2020 – Marketplace for global business exchange ပြပွဲကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ Palexpo ခန်းမတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် သိရှိရပါသည်။ အဆိုပါပြပွဲအား ဒေသတွင်းနှင့် နိုင်ငံတကာ B2B (Business to Business) ကွန်ယက်ဖော်ဆောင်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ပြပွဲပါဝင်ပြသခြင်းဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလာရေး၊ ကုန်သွယ်ရေး၊ အစားအစာ၊ ယဉ်ကျေးမှုနှင့်ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးများ ရရှိမည် ဖြစ်ပါသည်။ ၎င်းပြပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ရန် ဖိတ်စာကို ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်သို့ (၁၁-၃-၂၀၂၀) ရက်နေ့တွင် ဖြန့်ဝေပေးထားပါသည်။ ပြပွဲဆိုင်ရာအချက်အလက်များ သိရှိလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ရုံးအမှတ်(၃)၊ နေပြည်တော်၊ ဖုန်း- ၀၆၇-၃၄၀၈၆၀၈၊ ၀၆၇-၃၄၀၈၆၂၂၊ ၀၆၇-၃၄၀၈၆၂၃ ၊ email:[email protected] တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးပါသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026