Events
2nd ASEAN-Pakistan Business Opportunities Conference ကျင်းပမည်
Updated At: 2025-02-06 14:57:31
ပါကစ္စတန်နိုင်ငံ၊ အစ္စလာမာဘတ်မြို့၌ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပ ပြုလုပ်မည့် 2nd ASEAN-Pakistan Business Opportunities Conference သို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၃ ဦးထက်မနည်း ပါဝင်တက်ရောက်နိုင်ပါကြောင်း သိရှိရသည်။ အဆိုပါ Conference အတွက် အောက်ပါတို့ကို ဖော်ပြထားပါသည် -
၁။ ချည်ထည်နှင့်အဝတ်အစားများ၊ သတင်းအချက်အလက်နှင့်နည်းပညာ၊ သားရေ၊ ငါးလုပ်ငန်း၊ ခွဲစိတ်ခန်းသုံးပစ္စည်းများ၊ အဖျော်ယမကာ၊ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များစသည့် နယ်ပယ်များတွင် လုပ်ကိုင်လျက်ရှိသော အာဆီယံနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ခြင်း၊
၂။ မြန်မာနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင် အနည်းဆုံး (၃) ဦးကို အဆိုပြုပေးစေလိုကြောင်း၊ ကိုယ်စားလှယ်များအတွက် အသွား/အပြန် လေယာဉ်လက်မှတ်၊ နေထိုင်စားသောက်စရိတ်နှင့် ပြည်တွင်း သွားလာစရိတ်ကို ASEAN Pakistan Cooperation Fund မှ ကျခံပေးမည်ဖြစ်ခြင်း၊
၃။ လျှောက်ထားလိုသူများအနေဖြင့် အမည်၊ ကိုယ်ရေးအချက်အလက်အပြည့်အစုံ၊ ပတ်စပို့ဓါတ်ပုံ (၁) ပုံနှင့် နိုင်ငံကူးလက်မှတ်မိတ္တူ (၁) စုံတို့ကို Hard Copy ဖြင့် ဂျကာတာမြို့ရှိ ပါကစ္စတန် သံရုံးသို့လည်းကောင်း၊ Soft Copy ကို [email protected] နှင့် parepjakata@ gmail.com သို့လည်းကောင်း တိုက်ရိုက်ပေးပို့နိုင်ခြင်း။
အဆိုပါ Conference သို့ တက်ရောက်လိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် parep- [email protected] နှင့် parepjakata@ gmail.com email များသို့ တိုက်ရိုက်ပေးပို့နိုင်ပါကြောင်းနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇ ၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်း နိုင်ပါကြောင်း သတင်းရရှိသည်။
More Events
Smart Farm Korea 2025 (SFKOREA 2025 ) ပြပွဲ ကျင်းပမည်
Date: 21st to 23rd May, 2025
FTCCI Experiential Tourism MICE Fair 2025 ပြပွဲ ကျင်းပမည်
Date: 26th to 27 th May, 2025
“အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ” ၏ (၁/၂၀၂၅) ကြိမ်မြောက်အစည်းအဝေး ကျင်းပခြင်း
Date: 28th January 2025