Events
Global Featured Commodity Exchange ပြပွဲ ကျင်းပပြုလုပ်မည်
Updated At: 2025-01-08 12:00:40
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောပေပြည်နယ်၊ ထန်စန်းမြို့၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် Global Featured Commodity Exchange သို့ မြန်မာ့ထွက်ကုန်ပစ္စည်းများအား အွန်လိုင်းမှလာရောက်ပြသနိုင်ကြောင်း သိရှိရသည်။ အဆိုပါပြပွဲအတွက် အောက်ပါတို့ကို ဖော်ပြထားပါသည်-
၁။ Hebei Zhongbo Shuju International Trade Co.,Ltd သည် ဟောပေပြည်နယ်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး ကွမ်ရှီးဒေသ၌လည်း ရုံးခွဲရှိပါကြောင်း။ ၎င်းတို့ကုမ္ပဏီသည် ဟောပေပြည်နယ်၊ ထန်စန်းမြို့နယ်၊ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၉-၁-၂၀၂၅ ရက်နေ့မှ ၁၃-၁-၂၀၂၅ ရက်နေ့အထိ ဟောပေပြည်နယ်၊ ထန်စန်းမြို့၌ “Global Featured Commodity Exchange” ပြပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း။
၂။ အဆိုပါပြပွဲအား ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများမှ ထွက်ကုန်များကို တရုတ်နိုင်ငံ၊ မြောက်ပိုင်းရှိ ပေကျင်း၊ ထန်ကျင်းနှင့် ဟောပေပြည်နယ်တို့၌ ဈေးကွက်ရှာဖွေနိုင်မည့် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း။
၃။ ပြပွဲသို့ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ လာရောက်ပြသခြင်းဖြစ်စေ သို့မဟုတ် တရုတ်နိုင်ငံရှိ ကိုယ်စားလှယ်ရုံးခွဲမှ ကုန်ပစ္စည်းများကိုဖြစ်စေ လာရောက်ခင်းကျင်းပြသနိုင်ကြောင်း။
၄။ မြန်မာနိုင်ငံမှ ပြသမည့်လုပ်ငန်းများအတွက် လိုအပ်သည့်ပြခန်းနေရာကို အခမဲ့ စီစဉ်ပေးမည် ဖြစ်ပြီး ပြခန်းတည်ဆောက်သည့် ကုန်ကျစရိတ်ကို ကျခံရမည်ဖြစ်ကြောင်း။
၅။ ပြပွဲပြီးနောက် ကုန်ပစ္စည်းများကို ဆက်လက်ပြသရောင်းချလိုပါက ၎င်းတို့ ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ပါကြောင်း၊ အဆိုပါပြပွဲ၌ ခင်းကျင်းပြသခြင်းအပြင် အွန်လိုင်း၌လည်း မြန်မာ့ထွက်ကုန်ပစ္စည်းများကို အခမဲ့ ခင်းကျင်းပြသနိုင်ကြောင်း။
၆။ ပြသလိုသည့် လုပ်ငန်းရှင်များအနေဖြင့် ကုန်ပစ္စည်းဓါတ်ပုံ၊ ဈေးနှုန်း၊ ကုန်ပစ္စည်းနှင့်ပတ်သက်သည့် အချက်အလက်များကို ပေးပို့ပေးရန် လိုအပ်ပါကြောင်း၊ ၎င်းတို့အနေဖြင့် မြန်မာ့ထွက်ကုန်များ တရုတ်နိုင်ငံမြောက်ပိုင်းဈေးကွက်သို့ ဝင်ရောက်နိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း။
အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ထုတ်ကုန်ပစ္စည်းများကို အွန်လိုင်းမှ ပါဝင်ပြသနိုင်ပါကြောင်းနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
“73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
Date: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ