Events

(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်

Updated At: 2025-07-07 16:49:22

အယ်လ်ဂျီးရီးယားနိုင်ငံအစိုးရသည် အာဖရိကဒေသကုန်သွယ်မှုပြပွဲ အကြံပေးကောင်စီ (IATF Advisory Council)၊ အာဖရိကသွင်းကုန်ထုတ်ကုန်ဘဏ် (African Export-Import Bank-Afreximbank)၊ အာဖရိကတိုက် လွပ်လပ်စွာကုန်သွယ်ရေးဒေသ (African Continental free Trade Area–AFCFTA) အတွင်းရေးမှူးချုပ်ရုံး၊ အာဖရိကသမဂ္ဂ (African Union–AU)တို့နှင့် ပူးပေါင်း၍ (၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ အယ်လ်ဂျီးရီးယားနိုင်ငံ၊ အယ်လ်ဂျီယာစ်မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါပြပွဲအတွက် အောက်ပါအချက်များ ဖော်ပြပါရှိပါသည်-
၁။ (၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) သည် အပြည်ပြည်ဆိုင်ရာပြပွဲတစ်ခုဖြစ်ပြီး လူဦးရေ ၁.၄ ဘီလီယံ ကျော်နှင့် GDP အမေရိကန်ဒေါ်လာ ၃.၅ ထရီလီယံကျော်ရှိသော အာဖရိက၏ စီးပွားရေးနှင့်ကုန်သွယ်မှုဆိုင်ရာအခွင့်အလမ်းများကို ပြသပေးနိုင်မည်ဖြစ်ကြောင်း၊
၂။ “Gateway to New Opportunities” ခေါင်းစဉ်ဖြင့် ကျင်းပမည့် အဆိုပါပြပွဲသို့ နိုင်ငံပေါင်း ၁၄၀ မှ ပါဝင်ပြသသူပေါင်း ၂၀၀၀ ကျော်ခန့် ဖိတ်ခေါ်ဆောင်ရွက်သွားရန် ရည်ရွယ်ထားပြီး အမေရိကန် ဒေါ်လာ ၄၄ ဘီလီယံကျော် တန်ဖိုးရှိ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်များ ချုပ်ဆိုသွားမည်ဖြစ်ကြောင်း၊
၃။ အဆိုပါပြပွဲတွင် စိုက်ပျိုးရေးနှင့်စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများကို ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်း၊ မော်တော်ယာဉ်၊ အထည်အလိပ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ စားသုံးကုန်များ၊ ပညာရေး၊ စွမ်းအင်နှင့်လျှပ်စစ်၊ အင်ဂျင်နီယာပိုင်းဆိုင်ရာများ၊ ဆေးဝါးလုပ်ငန်း၊ ငွေကြေးစီးဆင်းမှုဆိုင်ရာလုပ်ငန်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍ၊ ထောက်ပံ့အုပ်ချုပ်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု၊ သတ္ထုတူးဖော်ရေး၊ လေကြောင်းနှင့်ခရီးသွားလာရေးလုပ်ငန်းနှင့် လူငယ်များမှ ဦးစီးသည့် ထွန်းသစ်စစီးပွားရေးလုပ်ငန်းများ ပါဝင်နိုင်ရန် ရည်ရွယ်ထားကြောင်း၊ 
၄။ ပြပွဲနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များနှင့် registration ပြုလုပ်ခြင်းအား www.2025.iatf.africa/newfront တွင် ရယူဆောင်ရွက်နိုင်ပါကြောင်း။ 
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) သို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ၊ ဝယ်လက်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၃၊ email: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။ 

 

Event Details

Date
4th to 10th September, 2025
Location
အယ်လ်ဂျီးရီးယားနိုင်ငံ၊ အယ်လ်ဂျီယာစ်မြို့
Website

More Events