Events
3rd SOURCEX INDIAN ပြပွဲ ကျင်းပမည်
Updated At: 2025-01-10 12:21:10
အိန္ဒိယပို့ကုန်မြင့်တင်ရေးအဖွဲ့ချုပ် (Federation of Indian Export Organization-FIEO) သည် 3rd SOURCEX INDIAN ကုန်စည်ပြပွဲကို နယူးဒေလီမြို့ရှိ Yashobhoomi ပြပွဲစင်တာ၌ ၂၀၂၅ ခုနှစ် ၊ မတ်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံမှ ကုမ္ပဏီများ၊ ဝယ်လက်များ ပါဝင်တက်ရောက်နိုင်ကြောင်း သိရှိရသည်။ အဆိုပါပြပွဲအတွက် အောက်ပါတို့ကို ဖော်ပြထားပါသည်-
၁။ SOURCEX INDIAN သည် အိန္ဒိယနိုင်ငံထုတ် အစားအစာ၊ လူသုံးကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ကမ္ဘာ့ဒေသအသီးသီးတို့ တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သည့် ပြပွဲတစ်ခုဖြစ်ကြောင်း။
၂။ ယခု ၂၀၂၅ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ပြပွဲသည် နိုင်ငံတကာဝယ်လက်များနှင့် အိန္ဒိယနိုင်ငံ၏ ကုန်ပစ္စည်းထုတ်လုပ်ရောင်းချမှုတွင် ဉီးဆောင်နေသည့်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း။
၃။ ပြပွဲတွင် အိန္ဒိယနိုင်ငံ၏ ထင်ရှားသော ကုန်အမှတ်တံဆိပ် ၂၀၀ ကျော်အား ခင်းကျင်းပြသထားမည်ဖြစ်ပြီး ကုန်စည်ကဏ္ဍတွင် အစားအသောက်နှင့် အဖျော်ယမကာကဏ္ဍ၊ ကျန်းမာရေးနှင့် အလှအပရေးရာကဏ္ဍ၊ လူသုံးကုန်ပစ္စည်းများ၊ အဝတ်အစားနှင့်အထည်အလိပ်ကဏ္ဍ၊ ကလေးနှင့်စပ်လျဉ်းသော ထုတ်ကုန်ပစ္စည်းများကဏ္ဍ၊ အားကစားနှင့် ကိုယ်လက်လှုပ်ရှားရေးကဏ္ဍ၊ စာရေးကိရိယာပစ္စည်းများကဏ္ဍများနှင့် ဝန်ဆောင်မှုကဏ္ဍတွင် E-Commerce ဝန်ဆောင်မှုလုပ်ငန်း၊ ပညာရေးနှင့်ကျွမ်းကျင်သင်တန်းများ၊ ဖျော်ဖြေရေးကဏ္ဍ၊ အစားအသောက်ဝန်ဆောင်မှုကဏ္ဍများ၊ ခရီးသွားအပန်းဖြေရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍများ ပါဝင်မည်ဖြစ်ကြောင်း။
၄။ ပြပွဲသို့လာရောက်မည့် ပြည်ပဝယ်လက်များအတွက် ကုမ္ပဏီတစ်ခုလျှင် တစ်ဉီးအတွက် လေယာဉ်လက်မှတ်ခ (ရိုးရိုးတန်း) ကို ငွေသားဖြင့် ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ပြီး နယူးဒေလီမြို့၌ ၂ ညတာ တည်းခိုနေထိုင်ရေးနှင့် လေဆိပ်မှဟိုတယ် ကြိုဆိုပို့ဆောင်မှုများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်မှုများကို စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ပြည်ပဝယ်လက်များအနေဖြင့် www.surveyhero.com/s/3rdSourceX တွင် မှတ်ပုံတင်ခြင်းကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မတိုင်မီ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း။
၅။ အဆိုပါမှတ်ပုံတင်ထားသည့် ပြည်ပဝယ်လက်များကို စိစစ်အကဲဖြတ်သည့်ကော်မတီမှ အတည်ပြုပါက မှတ်ပုံတင်ထားသည့် အီးမေးလ်သို့ ရွေးချယ်ခံရခြင်းရှိ/မရှိအား ပြန်ကြားပေးသွားမည်ဖြစ်ကြောင်း။
အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ၊ ဝယ်လက်များအနေဖြင့် ပါဝင်တက်ရောက်လိုပါက www.surveyhero.com/s/3rdSourceX တွင် မှတ်ပုံတင်နိုင်ပါကြောင်းနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026