Events
27th Expo Electronica 2025 and ExpoCifra 2025 ပြပွဲ ကျင်းပပြုလုပ်မည်
Updated At: 2025-01-11 13:21:20
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ 27th Expo Electronica 2025 and ExpoCifra 2025 ပြပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ပြပွဲအတွက် အောက်ပါတို့ကို ဖော်ပြထားပါသည်။-
၁။ 27th Expo Electronica 2025 and ExpoCifra 2025 ပြပွဲသည် ရုရှားနှင့် EAEU နိုင်ငံများရှိ အကြီးဆုံး နိုင်ငံတကာအီလက်ထရွန်နစ်ပစ္စည်း ပြပွဲဖြစ်ပြီး အီလက်ထရွန်းနစ်ပစ္စည်းထုတ်လုပ်သူများ၊ သုံးစွဲသူများ၊ ဝန်ဆောင်မှုဆိုင်ရာ အဖွဲ့ အစည်းများနှင့် သက်ဆိုင်ရာထုတ်ကုန်များကို အရောင်းမြှင့်တင်ရန်နှင့် ဝယ်ယူရန် စိတ်ပါဝင်စားသည့် အခြားစက်မှုလုပ်ငန်းကိုယ်စားလှယ်များ စုစည်းပေးသည့် ပြပွဲတစ်ခုဖြစ်ကြောင်း။
၂။ ယခုနှစ်ကျင်းပမည့် ပြပွဲတွင် ပြည်ပနိုင်ငံပေါင်း ၂၀ နှင့် ရုရှားနိုင်ငံ၏ နယ်မြေဒေသ ၇၀ မှ ပါဝင်ပြသသူ ၈၀၀ ကျော် အပါအဝင် ဧည့်သည် ၂၃,၀၀၀ ကို လက်ခံကျင်းပရန် စီစဉ်ထားပါကြောင်းနှင့် ရုရှားနိုင်ငံဘက်မှ ပြခန်းပေါင်း ၄၀၀ ကျော် ပြသသွားမည်ဖြစ်ကြောင်း။
၃။ အီလက်ထရွန်းနစ်စက်မှုလုပ်ငန်းနှင့် ဒစ်ဂျစ်တယ်နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရေးပါသော Expo Electronica 2025 and ExpoCifra 2025 ပြပွဲများသို့ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းများ ပါဝင်တက်ရောက်ပေးနိုင်ပါရန်နှင့် သိရှိလိုသည်များရှိပါက တာဝန်ခံဖြစ်သူ Rimma Mangusheva E-mail: Rimma.Mangusheva@ite.group ၊ Phone: +7 969 192 75 45 သို့ ဆက်သွယ်နိုင်ကြောင်း။
အဆိုပါပြပွဲသို့ ပါဝင်တက်ရောက်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026