Events
နိုင်ငံတကာစိုက်ပျိုးရေးကုန်စည်ပြပွဲ-၂၀၂၄ ကျင်းပပြုလုပ်မည်
Updated At: 2024-10-11 14:34:18
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ Thai Binh ပြည်သူ့ကော်မတီအနေဖြင့် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနမှ အတည်ပြုပြီးဖြစ်သည့် ကုန်သွယ်မှုမြှင့်တင်ရေးအစီအစဉ် ၂၀၂၄ ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် Thai Binh မြို့တွင် မြောက်ပိုင်းမြစ်ဝကျွန်းပေါ်ဒေသ၊ နိုင်ငံတကာစိုက်ပျိုးရေးကုန်စည်ပြပွဲအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါပြပွဲသည် မြောက်ပိုင်းမြစ်ဝကျွန်းပေါ်ဒေသ၏ လူမှုစီးပွားဘဝအောင်မြင်မှုများကို ပြသနိုင်မည်ဖြစ်သကဲ့သို့ ဗီယက်နမ်တွင် ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များကိုလည်း ဆွဲဆောင်နိုင်မည်ဖြစ်ပြီး မိမိတို့၏ထုတ်ကုန်ပစ္စည်းများကို ဝင်ရောက်ပြသခြင်းဖြင့် ထုတ်ကုန်နှင့် အမှတ်တံဆိပ်များကို မိတ်ဆက်နိုင်ခြင်း၊ မိတ်ဖက်လုပ်ငန်းရှင်များရှာဖွေနိုင်ခြင်း စသည့်အခွင့်အရေးများ ရရှိစေမည်ဖြစ်သည်။
နိုင်ငံတကာစိုက်ပျိုးရေးကုန်စည်ပြပွဲ (International Agricultural Trade Fair 2024) သို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026