Events
ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ASEAN-Korea Startup Innovation Week 2024 ပြပွဲ ကျင်းပပြုလုပ်မည်
Updated At: 2024-05-13 12:19:26
ကိုရီးယားသမ္မတနိုင်ငံ၊ဆိုးလ်မြို့ရှိ Science and Technology Center တွင် ASEAN-Korea Startup Innovation Week 2024 ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည့်အတွက် အာဆီယံနိုင်ငံများမှ အစပျိုးလုပ်ငန်းရှင် (Startup) များ ပါဝင် တက်ရောက်ယှဉ်ပြိုင်စေလိုပါကြောင်း ဖိတ်ကြားလာပါသည်။
အဆိုပါဖိတ်ကြားစာတွင် အောက်ပါတို့ကိုဖော်ပြထားပါသည်-
(က) ASEAN-Korea Startup Innovation Week 2024 ကို အပိုင်း (၂) ပိုင်းခွဲ၍ ကျင်းပသွားမည် ဖြစ်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်ရန် ရွေးချယ်ခံရသူများသည် ၂-၉-၂၀၂၄ ရက်နေ့မှ ၁၃-၉-၂၀၂၄ ရက်နေ့အထိ Acceleration Program နှင့် Business Meetings တို့ကို Online ဖြင့် ဦးစွာ တက်ရောက်ရမည်ဖြစ်ကြောင်းနှင့် ယင်းသို့ တက်ရောက်ပြီးနောက် အစပျိုးလုပ်ငန်းရှင်များ သည် ၂၁-၁၀-၂၀၂၄ ရက်နေ့မှ ၂၃-၁၀-၂၀၂၄ ရက်နေ့အထိ ကျင်းပမည့်အစီအစဉ်များတွင် ပါဝင်နိုင်ရန် ကိုရီးယားသမ္မတနိုင်ငံသို့ လူကိုယ်တိုင်လာရောက်ရမည်ဖြစ်ကြောင်း၊
( ခ ) ၂၁-၁၀-၂၀၂၄ ရက်နေ့တွင် အစပျိုးလုပ်ငန်းရှင်များ ၎င်းတို့လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင် ရွက်မည့် အစီအစဉ်များအကြောင်းကို အကဲဖြတ်အဖွဲ့ဝင်များအား ရှင်းလင်းတင်ပြခြင်းနှင့် မေးမြန်းလာသည့် မေးခွန်းများအား ဖြေကြားပေးခြင်းတို့ကို ဆောင်ရွက်ရသည့်ပြိုင်ပွဲ (Pitching Contest) တွင် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊
( ဂ ) ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနား (Award Ceremony) နှင့်သီးသန့် အမေးအဖြေကဏ္ဍ (Fireside Chat Session) တို့ကို ၂၂-၁၀-၂၀၂၄ ရက်နေ့တွင် ဆောင်ရွက် သွားမည်ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ၏ အစပျိုးလုပ်ငန်းများအကြောင်း လေ့လာသည့် Korean Startup Ecosystem Tour ကို ၂၃-၁၀-၂၀၂၄ ရက်နေ့တွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊
(ဃ) ပြိုင်ပွဲသို့ တက်ရောက်မည့် အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးမှ အစပျိုးလုပ်ငန်းရှင်တစ်ဦးစီ အတွက် ASEAN-Korea Center မှ လေယာဉ်စရိတ်နှင့် တည်းခိုနေထိုင်စရိတ်တို့ကို ကျခံ ပေးမည်ဖြစ်ကြောင်း၊
( င ) အာဆီယံနိုင်ငံအသီးသီးမှ လုပ်ငန်းရှင် (၂) ဦးစီကို ဆိုးလ်မြို့အခြေစိုက် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ သံရုံးများမှ အဆိုပြုပေးစေလိုပါကြောင်းနှင့် အဆိုပြုပေးရာတွင် လုပ်ငန်းရှင် သည် နောက်ဆက်တွဲဖြစ်သည့် Concept Paper ၏ စာမျက်နှာ (၂) ပါ အရည်အချင်း များနှင့် ကိုက်ညီရန်လိုပါကြောင်း၊
( စ ) အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများက အဆိုပြုသည့် လုပ်ငန်းရှင်များအပြင် ASEAN Coordinating Committee on Micro, Small and Medium Enterprises (ACCMSME) ထံမှလည်း တစ်နိုင်ငံလျှင် လုပ်ငန်းရှင်တစ်ဦးစီ ထပ်မံအဆိုပြုပေးရန် တောင်းခံသွားမည် ဖြစ်ပါကြောင်း၊
(ဆ) အစီအစဉ်အားလုံးကို အင်္ဂလိပ်ဘာသာဖြင့် ဆောင်ရွက်မည်ဖြစ်သည့်အတွက် ပါဝင်ယှဉ်ပြိုင် မည့်လုပ်ငန်းရှင်များသည် အင်္ဂလိပ်ဘာသာအရေး၊ အဖတ်၊ အပြောနှင့် နားလည်နိုင်စွမ်းရည် မြင့်မားရမည်ဖြစ်ပါကြောင်း ဖော်ပြထားပါသည်။
အဆိုပါပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်လိုသည့် အစပျိုးလုပ်ငန်းရှင်များအနေဖြင့် ပူးတွဲပါ Registration Form တွင် ဖြည့်စွက်၍ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၏ Email : [email protected] နှင့် ဖုန်း၊ ၀၆၇-၄၀၈၆၂၂၊ ၄၀၈၆၂၃ တို့သို့ ၁၇-၆-၂၀၂၄ ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့နိုင်ပါကြောင်း သတင်းရရှိပါသည်။
More Events
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025