Events

(၁၃၈) ကြိမ်မြောက် Canton Fair (138th Canton Fair) ကျင်းပမည်

Updated At: 2025-06-13 11:55:26

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်တုံးပြည်နယ်၊ ကွမ်ကျိုးမြို့တွင် (၁၃၈) ကြိမ်မြောက် Canton Fair (138th Canton Fair) ကို ၁၅-၁၀-၂၀၂၅ မှ ၄-၁၁-၂၀၂၅ အထိ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါပြပွဲနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ဖော်ပြပါရှိပါသည်-
၁။ (၁၃၈) ကြိမ်မြောက် တရုတ်နိုင်ငံ၏ သွင်းကုန်နှင့်ပို့ကုန်ဆိုင်ရာကုန်စည်ပြပွဲ (138th Canton Fair) ကို ကွမ်ကျိုးမြို့တွင် ၁၅-၁၀-၂၀၂၅ မှ ၄-၁၁-၂၀၂၅ အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊
၂။ ပြပွဲတွင် ပါဝင်ပြသလိုသည့် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် စာရင်းပေးသွင်းလျှောက်ထားရာတွင် စီးပွားရေးလုပ်ငန်းဆိုင်ရာ အသိအမှတ်ပြုလက်မှတ် (အင်္ဂလိပ်ဘာသာဖြင့်)၊ ကုမ္ပဏီနှင့် ထုတ်ကုန်ဆိုင်ရာအချက်အလက်အကျဉ်းချုပ်၊ Official Website၊ ကုန်အမှတ်တံဆိပ် မှတ်ပုံတင် အတည်ပြုလက်မှတ်၊ မူရင်းနိုင်ငံသက်သေခံလက်မှတ်နှင့် တရုတ်နိုင်ငံပြင်ပ (သို့မဟုတ်) အခြားနိုင်ငံများတွင် ထုတ်ကုန်ပစ္စည်းထုတ်လုပ်ခြင်းနှင့် သက်ဆိုင်သည့် အခြားအထောက်အထားများ လိုအပ်ကြောင်း၊
၃။ ပြပွဲကို Phase 3 ခုဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး Phase 1 ကို ၁၅-၁၀-၂၀၂၅ မှ ၁၉-၁၀-၂၀၂၅ အထိလည်းကောင်း၊ Phase 2 ကို ၂၃-၁၀-၂၀၂၅ မှ ၂၇-၁၀-၂၀၂၅ အထိလည်းကောင်း၊ Phase 3 ကို ၃၁-၁၀-၂၀၂၅ မှ ၄-၁၁-၂၀၂၅ အထိလည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြခန်းပြင်ဆင်သည့်ရက်များအနေဖြင့် ၂၀-၁၀-၂၀၂၅ မှ ၂၂-၁၀-၂၀၂၅ ရက်အထိနှင့် ၂၈-၁၀-၂၀၂၅ မှ ၃၀-၁၀-၂၀၂၅ အထိတို့ကို သတ်မှတ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊
၄။ ပြပွဲတွင်ပါဝင်ပြသလိုသည့် လုပ်ငန်းရှင်များအနေဖြင့် ခရီးစရိတ်၊ နေထိုင်စားသောက်စရိတ်များကို မိမိအစီအစဉ်ဖြင့် ကျခံရမည်ဖြစ်ပါကြောင်းနှင့် မြန်မာပြခန်းပါဝင်ပြသ လိုခြင်းရှိ/မရှိနှင့် စပ်လျဉ်း၍ ၃-၁၀-၂၀၂၅ ရက်နေ့မတိုင်မီ ပေးပို့စေလိုကြောင်း၊
၅။ ပြပွဲကို Canton Fair Complex , Gaungzhou, No.382, Yuejiang Zhong Road, Gaungzhou, China တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်းနှင့် ပြပွဲတွင် Phase အလိုက် ပါဝင်ပြသရမည့်  ပစ္စည်းအမျိုးအစားများကို  https://cief.cantonfair.org.cn/html/cantonfair/en/exhibitor/ 2012-09/24825.shtml တို့သို့ ဝင်ရောက်လေ့လာနိုင်ကြောင်း၊
၆။ ပြခန်းအနေဖြင့် Raw space (minimum 36 M2) အတွက် Phase 1: 26,000 RMB(9 M2)၊ Phase 2: 23,000 RMB (9 M2)၊ Phase 3: 23,000 RMB  (9 M2 ) တို့ဖြစ်ပြီး ပြခန်းပြသလိုသူများအနေဖြင့် Canton Fair ၏ Contractors များမှတစ်ဆင့် သတ်မှတ်စည်းမျဉ်းများနှင့်အညီ ကိုယ်ပိုင်ဒီဇိုင်းပုံစံများ ဆောက်လုပ်နိုင်ပါကြောင်းနှင့် အဆင့်သတ်မှတ်ချက်ပြည့်မှီသည့် Contractors များ စာရင်းကို official website တွင်ရရှိနိုင်ကြောင်း၊
၇။ Shell Scheme ပုံစံအနေဖြင့် Phase 1: 30,000 RMB per stand (9 M2)၊  Phase 2: 27,000 RMB per stand (9 M2)၊ Phase 3: 27,000 RMB pjer stand (9 M2) တို့ဖြစ်ပြီး Organizer မှ ပြပွဲဆိုင်ရာ ပရိဘောဂများ ထည့်သွင်းတည်ဆောက်ပေးမည်ဖြစ်ပါကြောင်း၊
၈။ Canton Fair  Online Platform တွင် ချိတ်ဆက်ပြသလိုသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း Canton Fair online Platform service package ကို ဝယ်ယူ၍ online store တည်ထောင် ထားနိုင်ပါကြောင်းနှင့် အသေးစိတ် သိရှိလိုပါက Organizer သို့ တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါကြောင်း၊
၉။ LDC Countries ဆိုင်ရာ အခမဲ့ပြခန်းအနေဖြင့် အလွတ်သဘောစုံစမ်းချက်အရ LDC နိုင်ငံများ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကဲ့သို့ အစိုးရအဖွဲ့အစည်းများက ဦးစီးဆောင်ရွက်၍ လျှောက်ထားမည်ဆိုပါက အခမဲ့ ပြခန်းအရေအတွက် (၄) ခန်းအထိ လျှောက်ထားနိုင်ကြောင်းနှင့် sessions တစ်ခုစီတွင် LDCs နိုင်ငံများအတွက်  စုစုပေါင်း အခမဲ့ ပြခန်း (၈) ခုသာ သတ်မှတ်ထားပါသဖြင့် ဦးရာလူစနစ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ LDCs နိုင်ငံ များ စာရင်းကို https://unctad. org/topic/least-developed-countries/list တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း၊
၁၀။ ပြခန်း Discount စီစဉ်ထားရှိမှုအနေဖြင့် ပြခန်း (၁၀) ခန်းအထက် လျှောက်ထားမည့် အဖွဲ့အစည်းများအတွက်သာ စီစဉ်ထားပါကြောင်းနှင့် သတ်မှတ်ချက်များအနေဖြင့် ပြခန်း (၁၀) ခုကျော် ဖွင့်လှစ်မည်ဆိုပါက ပြခန်းတစ်ခုလျှင် (၃၀၀၀) ယွမ်၊ ပြခန်း (၃၀) ခု ပြခန်း (၃၀) ခုကျော် ဖွင့်လှစ်မည်ဆိုပါက ပြခန်းတစ်ခုလျှင် (၄၀၀၀) ယွမ်နှင့် ပြခန်းအခု (၁၀၀) ကျော် ဖွင့်လှစ်မည်ဆိုပါက ပြခန်းတစ်ခုလျှင် (၅၀၀၀) ယွမ်ခန့် လျှော့ပေးမည်ဖြစ်ကြောင်း၊
၁၁။ နိုင်ငံတကာအသွားအပြန်စရိတ်၊ လေယာဉ်စရိတ်၊ တည်းခိုနေထိုင်စရိတ်များနှင့် စပ်လျဉ်း၍ မိမိအစီအစဉ်ဖြင့်သာ ကုန်ကျစရိတ်ကျခံရမည်ဖြစ်ပါကြောင်းနှင့် ၁၅-၈-၂၀၂၅ ရက်နေ့ နောက်ဆုံး ထားလျှောက်ထားရမည်ဖြစ်ပါကြောင်း၊
၁၂။ အသေးစိတ်သိရှိလိုပါက Mr. Barry Zhu , Tel: +86-20-89138589, Fax: +86-20-89138550, Email: [email protected] သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း။

(၁၃၈) ကြိမ်မြောက် တရုတ်နိုင်ငံ၏သွင်းကုန်နှင့်ပို့ကုန်ဆိုင်ရာကုန်စည်ပြပွဲ (138th Canton Fair) ပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၃၊ email: event.td.myantrade @gmail.com သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။